Chapter-94

4K 553 3
                                    

Unicode

အပိုင်း (၉၄) - အငြင်းအခုံမှာ အနိုင်မယူနိုင်သလို ရန်ပွဲမှာလည်း အနိုင်မရရှိခဲ့ပါ
စာရေးသူ - NanFangLiZhi Southern Lychee 南方荔枝
ဘာသာပြန်ဆိုသူ - Khat
စာစစ်သူ - No Noe (Miracle_Phyu97)

အမေကျိုးက အဖေကျိုးကို စူးစူးဝါးဝါး အကြည့်တစ်ချက်ပေးလိုက်သည်။

"သူတို့ကို စိတ်မဆိုးပါနဲ့၊ ဒီစောင်က အသစ်စက်စက်လို့ထင်တယ်" အဖေကျိုးက စောင်အသစ်ကို စစ်ဆေးသည်။

အမေကျိုး၏အာရုံက ပြောင်းသွားသည်။ "ဒါက အသစ်လုပ်ထားတာ။ တကယ်ကို စဉ်းစားစရာပဲ။"

ထို့နောက် "အဘိုးကြီး၊ ရှောင်းမိန်အတွက် ရည်ရွယ်ထားတဲ့ ခန်းဝင်ပစ္စည်း ဘယ်နှသေတ္တာလောက် ဘယ်လောက်လုပ်မလဲ"

"မင်းဆုံးဖြတ်လေ" အဖေကျိုးက ပြောသည်။

"ဒါဆို ငါးဆယ်ပေးမလား။" အမေကျိုးက ပြန်ဖြေသည်။

"အဲ့ဒါဆို နည်းနည်း နည်းတယ်မဟုတ်လား။" အဖေကျိုးက သူမကို စိုက်ကြည့်နေသည်။

အမေကျိုးက ပြောလိုက်သည်။ "ဘာ နည်းတာလဲ။ သူမနဲ့ တာ့လင်းတို့ နှစ်ယောက်လုံး အလုပ်အကိုင်နဲ့ ဝင်ငွေလည်းများတယ်။ လစဉ် ဝင်ငွေတွေ အများကြီး ရနိုင်တယ်လေ။ နောက်ဆုံးတော့ ရှောင်းမိန်ကလည်း သူ့မိသားစုနဲ့သူ ဖြစ်သွားပြီလေ။ ကျွန်မတို့ သူ့ဆီကနေ သူ့ရဲ့ လုပ်ခလစာ မရနိုင်တော့ဘူးလေ၊ ဒါနဲ့ ရှင် ဘယ်လောက်ထည့်ပေးဖို့ စဥ်းစားထားလဲ။"

"အဲဒီဘက်က လက်ဆောင်လေးခု ပေးခဲ့တယ်" ဟု အဖေကျိုးက ထောက်ပြသည်။

"အိမ်မှာ စက်ဘီးကိုပဲ လက်ခံပြီး ကျန်တာတွေ အကုန်ပြန်ပို့ပေးလိုက်မယ်လေ။ အဲ့တာဆို ကျွန်မတို့ ခန်းဝင်ပစ္စည်းအဖြစ် ဒီစောင်၊ ဆပ်ပြာ၊ ရေနွေးပုလင်းနဲ့ တခြားအရာတွေ ရှိသေးတယ်" အမေကျိုးက ပြောပြသည်။

အဖေကျိုးက မည်သည့်မှတ်ချက်မှ မပေးပေ။

အမေကျိုးက ဆက်ပြောသည်။ "လောင်တ၊ လောင်အာ့နဲ့ လောင်စန်းတို့ရဲ့ အိမ်ထောင်ရေး အတွက် ကျွန်မတို့ ပိုက်ဆံစုဖို့ လိုနေသေးတယ်။ လောင်တရဲ့ အမေက ဘယ်လောက်တောင် အလွန်အကျွံ သုံးဖြုန်းလဲ ဆိုတာ ရှင် သိနေတာပဲ။ သူတို့ အများကြီး မတက်နိုင်လောက်ဘူး။ ကောင်လေးတွေ လက်ထပ်ရင် ဘယ်လိုလုပ်ရမလဲ။"

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now