Chapter-62

4.2K 613 2
                                    

Unicode

အခန်း (၆၂) - ခေါင်းမာသောသူ
စာရေးသူ - NanFangLiZhi Southern Lychee 南方荔枝
ဘာသာပြန်ဆိုသူ - Snowtowel

" ကျွန်မ ရှင့်ကို သတိပေးတယ်။ ရှင့်ရဲ့ အဲအစ်မကို ကျွန်မတို့ ရန်စလို့မဖြစ်ဘူး။ ပုန်းရှောင်နေတာ ပိုကောင်းတယ်။ ရှင် သူမကိစ္စတွေကို ဝင်မစွက်ဖက်ရဘူး ကြားလား " တတိယ‌ယောင်းမလင်းက ချက်ချင်း အမိန့်ပေးသည်။

အရင်တုန်းက သူမယောက်ျားက သူမ(လင်းချင်းဟယ်)အတွက် ထင်းသယ်ယူပေးခဲ့ပေမယ့် စစ်အင်္ကျီက သူမယောက်ျားလက်ထဲ မရောက်ဘဲ ဒုတိယခဲအိုလက်ထဲပဲ ရောက်သွားသည်။ တတိယမောင်လေးလင်းဖြစ်သူက ထိုကိစ္စကို စိတ်ထဲမထည့်သော်လည်း တတိယ‌ယောင်းမလင်းကတော့ ဒေါသထွက်ခဲ့သည်။

" ဘယ်လိုလုပ် ငါက ဝင်စွက်ဖက်နိုင်မှာလဲ။ ငါမှာ ပိုက်ဆံမှ မရှိတာ " တတိယမောင်လေးလင်းက ထုတ်ဖော်ပြောသည်။

" အရင်တစ်ခါ ရှင် အသေးစားအလုပ်သမားအဖြစ် အလုပ်သွားလုပ်တုန်းက အဲလုပ်အားခကို ပေးပြီမလား " တတိယ‌ယောင်းမက မေးသည်။

" သန်ဘက်ခါမှ " တတိယမောင်လေးလင်းက ပြန်ဖြေသည်။

တတိယ‌ယောင်းမလင်းက နေ့ရက်တွေကို တွက်ချက်လိုက်သည်။ တတိယမောင်လေးလင်း ပိုက်ဆံရတာနဲ့တစ်ပြိုင်နက် သူမ ချက်ချင်း သိမ်းထားရမယ်။

" နှစ်ယွမ်ပဲ ရမယ်ဆိုတာ သေချာလား " တတိယ‌ယောင်းမက သူ့ကို စိုက်ကြည့်ပြီးမေးသည်။

" နေ့လည်စာလည်း ပါတယ်လေ။ မဟုတ်ရင် နှစ်ယွမ် မဟုတ်ဘူး " တတိယမောင်လေးလင်းက စိတ်တိုစွာဖြင့် ပြန်ပြောသည်။

တတိယ‌ယောင်းမလင်းက ဘာမှမပြောတော့ဘူး။ တတိယမောင်လေးလင်းက သူ့ကံကို စမ်းသပ်ရန် တောင်ပေါ်သွားချင်တယ်လို့ ပြောလိုက်သည်။ သူက အခု အိမ်မှာ အလုပ်မရှိတော့ သူ့ဇနီးက သူ့ကို မတားဘူး။

တတိယမောင်လေးလင်းသည် လင်းချင်းဟယ်ကို ရှာရန် လာခဲ့သည်။ လင်းချင်းဟယ်သည် လွန်ခဲ့သော နှစ်ရက်က လင်းမိသားစုထံ သွားကာ သူမစိတ်ထဲက မကျေနပ်ချက်တွေကို ပြန်လည်ဖြေရှင်းခဲ့ပြီးပြီ။

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now