Chapter-51

5K 674 4
                                    

Unicode

အခန်း(၅၁) - စိတ်ရှုပ်ဖွယ်ရာ အပြုအမူ
စာရေးသူ - NanFangLiZhi Southern Lychee 南方荔枝
ဘာသာပြန်ဆိုသူ - Snowtowel

ရွာထဲမှာ စုစုပေါင်း စက်ဘီး နှစ်စီး ရှိသည်။ တစ်စီးက ခေါင်းဆောင်မိသားစုပိုင် ဖြစ်ပြီး နောက်တစ်စီးက လင်းချင်းဟယ်မိသားစုပိုင် ဖြစ်သည်။

ထိုစက်ဘီးကို ပိုင်ဆိုင်ထားခြင်းအတွက် လင်းချင်းဟယ်၏ မိသားစုကို မည်မျှ လေးစားနေကြကြောင်း စိတ်ကူးယဉ်ကြည့်နိုင်သည်။

ဒုတိယမရီးသည် အလွန်အမင်း စိတ်မချမ်းသာ ဖြစ်ပြီး အလွန် မကျေမနပ်လည်း ဖြစ်နေသည်။

သူမသည် ဟာသပြက်လုံးကို မြင်ချင်သော်လည်း ထိုအစား တခြားသူက ထုတ်ဖော် ကြွားဝါလာခဲ့သည်။ အဲဒါက သူမရဲ့စိတ်ဓာတ်အား တကယ့်ကို ဖြိုခွဲပစ်လိုက်သလိုပါပဲ။

နေ့လည်စာ ချက်နေချိန်တွင် ဒုတိယမရီးဖြစ်သူသည် သူမပိုက်ဆံကို တစ်ယောက်ယောက်က အကြွေးယူထားသလို ဖြစ်ပျက်နေသည်။

အကြီးဆုံးမရီးနှင့် တတိယမရီးသည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ဘာဖြစ်နေတယ်ဆိုတာ သူတို့ သိကြသည်။

ထမင်းစားပြီးတော့ သူတို့သည် သူတို့အခန်းဆီ ပြန်သွားကြသည်။ ကျိုးမိသားစု၏ ကောင်းတဲ့အချက်က အတူတကွ ပြွတ်သိပ်ကျပ်ညက်စွာ နေထိုင်ရမည့်အစား မိသားစုတိုင်းတွင် ကိုယ်ပိုင်အခန်း ရှိကြခြင်း ဖြစ်သည်။

ဒုတိယမရီး၏ အတွေးအမြင်နဲ့ ပတ်သက်၍ အကြီးဆုံးမရီးနှင့် တတိယမရီးတို့သည် ထိုအကြောင်းအရာကို ရှင်းရှင်းလင်းလင်း သိနေသည်။ အဆုံးမှာတော့ သူတို့တွေက နှစ်ပေါင်းများစွာ ကြာအောင် ယောင်းမတွေ ဖြစ်ခဲ့ကြပြီး ဘယ်တစ်ယောက်က ဘယ်လိုဆိုတာ သူတို့ သိကြသည်။

သူမက မနာလိုဖြစ်နေခဲ့တာ။

ဒုတိယအစ်ကိုကလည်း သတိထားမိလိုက်သည်။ သူသည် အခန်းသို့ ပြန်ရောက်တော့ သူမကို ချော့မော့သည်။ " မင်း ဘာတွေဖြစ်နေတာလဲ။ စတုတ္ထက စက်ဘီး ဝယ်ဖို့ မင်းပိုက်ဆံကို မသုံးစွဲခဲ့ဘူးလေ။ ဒီအကြည့်နဲ့ ဘယ်သူ့ကို ကြည့်နေတာလဲ "

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now