Chapter-185

2.7K 375 8
                                    

အခန်း (၁၈၅) - လောင်စန်းလေး ဖျားနေပြီ

လင်းချင်းဟယ်သည် သူမသားလေးတွေကို ချစ်မြတ်နိုးသော်လည်း သူမသည် ချစ်ခြင်းကြောင့် မျက်လုံးစုံမှိတ်နေပေးမည့်သူ မဟုတ်ပေ။

ဥပမာအားဖြင့် ဒီခြေအိတ်တွေက နွေးထွေးနေသေးသောကြောင့် သူတို့ကို ဆက်လက် ဝတ်ဆင်လို့ ရပါသေးသည်။ ဒီကောင်စုတ်လေးက ဆိုးသွမ်းချင်သလို ပြုမူတာက အသုံးမဝင်ပေ။

ယခုလက်ရှိခေတ်အခြေအနေသည် နောင်လာနောင်သားတွေနှင့် မယှဥ်နိုင်သည်ကို သိထားရပေမည်။ နောင်လာနောင်သား မျိုးဆက်သစ်တွေက ဒီလိုအရာတွေကို ဝယ်ယူတာ ပုံမှန်ဖြစ်ပေမယ့် ယခုခေတ်အခြေအနေအရ ချွေတာဖို့ လိုအပ်နေသေးပေသည်။

အရင်းအမြစ်တွေကို ရရှိဖို့ တကယ့်ကို ကန့်သတ်ချက် များလွန်းသည်။

"သားတို့မိသားစုက ခြေအိတ်တွေ မဝယ်နိုင်လောက်တဲ့အထိ ဆင်းရဲသွားပြီလား။" ခြေအိတ်အသစ် ပြုလုပ်ရန် သို့မဟုတ် ခြေအိတ်အသစ် ဝယ်ပေးရန် မိခင်ဖြစ်သူက အမှန်တကယ် သဘောမတူကြောင်းကို တွေ့လိုက်ရသဖြင့် လောင်စန်းက ပြောလိုက်သည်။

"အမေတို့က တကယ်ဆင်းရဲတယ်။ တကယ်တော့၊ နင်တို့ကောင်လေးတွေကို ပြုစုပျိုးထောင်ရတာ တကယ် မလွယ်ဘူး။" လင်းချင်းဟယ်က ခေါင်းညိတ်သည်။

လောင်စန်းက တုံ့ပြန်ပြောဆိုသည်။ "အမေ၊ အမေ သားကို လှည့်စားနေတာ။ အမေ အဖေ့အတွက်ကျ အတွင်းခံအသစ်တစ်ထည် ချုပ်ပေးနေတာကို သား မျက်မြင် တွေ့ခဲ့ဖူးတယ်။"

လောင်စန်းလေးက သူ့မိခင်ကို အပြစ်တင်နေတဲ့ မျက်လုံးတွေနှင့် ကြည့်ရှုခဲ့ပြီး သူ့အကြည့်တွေက 'အဖေ့ကိုပဲ မျက်နှာသာပေးပြီး သားကိုကျ မျက်နှာသာ မပေးဘူးပေါ့လေ' လို့ ဖော်ပြနေသလိုပင်။

လင်းချင်းဟယ် အနည်းငယ် ရှက်ရွံ့သွားသည်။ ထို့နောက် သူမက ခေါင်းညိတ်လိုက်ပြီး "နင့်အဖေက အသစ်တစ်ထည် လိုအပ်နေလို့လေ။"

"အမေ၊ သားကို ချော့မပြောနဲ့။ သား အားလုံး မြင်တယ်။ အဖေ့ရဲ့ အတွင်းခံတွေက အရမ်း သစ်လွင်နေသေးတယ်၊ ဖာထေးထားတာ တစ်ခုမှ မရှိဘူး။" လောင်စန်းလေးက ထောက်ပြသည်။

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now