Chapter-113

3.7K 462 3
                                    

Unicode

အခန်း (၁၁၃) – ကြက်သွန်မြိတ်ဖက်ထုပ်ကြော်

ကျိုးချင်းပိုင် အိမ်ပြန်လာသောအခါတွင် သူ့မှာ ရွှေဆွဲကြိုးတစ်ကုံး၊ ရွှေလက်စွပ်တစ်ကွင်း၊ ရွှေနားကပ်တစ်ရံနှင့် ရွှေလက်ကောက်တစ်ရံကိုပါ ယူဆောင်လာခဲ့သည်။ ထို့အပြင် သူ့ဇနီးအတွက် ကျောက်စိမ်းတစ်တုံးတို့ကိုပါ ပြန်ယူလာခဲ့သည်။

ယခုခေတ်အချိန်တွင် ဒီအရာဝတ္ထုတွေကို အလွယ်တကူ ဝယ်ယူနိုင်ခြင်း မရှိသေးပေ။

ကျိုးချင်းပိုင်သည် ပြည်သူ့လုံခြုံရေးဗျူရိုတွင် သူ့ရဲဘော်ဟောင်းရှိ၍သာ ဒါတွေကို အလွယ်တကူ ဝယ်ယူရရှိနိုင်တာ ဖြစ်သည်၊ သို့မဟုတ်ပါက ဒါကို အလွယ်တကူ ဝယ်လို့မရပဲ ကျိုးချင်းပိုင်က ဒါတွေကို ဝယ်ယူနိုင်ဖို့ ကိုယ်တိုင်သတင်းပို့နေရမည် ဖြစ်သည်။

ဒီပစ္စည်းတွေကို အိမ်ပြန်ရောက်တာနဲ့ သူ့ဇနီးသည်လက်ထဲ အပ်လိုက်သည်။

လင်းချင်းဟယ်သည် သဘာဝအတိုင်း အံ့သြသွားခဲ့သည်။

သူမ လုံးဝ အံ့အားသင့်သွားမိသည်။ သူ့ယောကျာ်းလို ရှေးရိုးစွဲအမျိုးသားတစ်ယောက်က သူမ စိတ်ကျေနပ်အောင် ဒီလိုအရာတွေကို သူမအတွက် ပြန်ယူလာပေးလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။

"ဒါတွေကို အပြင်မှာ ထုတ်ဖော်မပြသနဲ့။" ဇနီးသည်ရဲ့ မျက်လုံးထဲမှ အံ့အားသင့်နေသည့် အရိပ်အယောင်များကြောင့် ကျိုးချင်းပိုင်က ချောင်းခြောက်ဆိုးရင်း သဘာဝမကျစွာ ပြောလိုက်သည်။

လင်းချင်းဟယ်က ဒါတွေကို ဘေးဖယ်လိုက်သည်။ ကလေးတွေက ငယ်တုန်းပဲ။ ကလေးတွေသာ ဒါတွေကို မြင်သွားခဲ့ရင် အပြင်ဖက်သို့ ပေါက်ကြားသွားလိမ့်မည်။

"ပြီးခဲ့တဲ့တစ်ခေါက်က ရှင် ကြားခဲ့တာကို စိတ်ထဲထားနေတုန်းလား။" လင်းချင်းဟယ်က ဒါတွေကို လုံခြုံသည့်နေရာမှာ သိမ်းဆည်းလိုက်သလိုနှင့် တကယ်တမ်းတော့ ဒီပစ္စည်းတွေကို သူမရဲ့နေရာလွတ်မှာ သိမ်းဆည်းလိုက်ရင်း ကျိုးချင်းပိုင်အား ပြောလိုက်သည်။

ကျိုးချင်းပိုင်သည် ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြသခြင်း မရှိသော်လည်း လင်းချင်းဟယ်က သူ့ကို နားလည်သည်။ သူမက အပြုံးလေးဖြင့် သူ့ကို စိုက်ကြည့်နေမိသည်။ တကယ့်ကို ဒီလူကတော့လူအေးကြီးပါပဲ။ သူမမဟုတ်တဲ့ ဘယ်အမျိုးသမီးကများ သူ့ရဲ့ ပင်ကိုယ်စိတ်ရင်း နားလည်နိုင်ပါ့မလဲ။

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now