Chapter-50

5.2K 672 29
                                    

Unicode

အခန်း(၅၀) - သားအချစ် မြေးအနှစ်
စာရေးသူ - NanFangLiZhi Southern Lychee 南方荔枝
ဘာသာပြန်ဆိုသူ - No Noe (Miracle_Phyu97)

"ကျန်တာကို ရှင်ကိုယ်တိုင် လုပ်လိုက်တော့။"

လင်းချင်းဟယ်သည် ဒီလို စိုက်ကြည့်တာကို ခံလိုက်ရတော့ အမောဖောက်သွားသလို ခံစားလိုက်ရတာကြောင့် သူ့လက်ထဲကို ခရင်မ်ဘူးထည့်ပေးလိုက်ကာ သူကိုယ်တိုင်း လိမ်းလိုက်ဖို့ ပြောလိုက်သည်။

ကျိုးချင်းပိုင်က သူမခါးလေးကို ပွေ့ဖက်လိုက်သည်။ "ဇနီးလေး..."

လင်းချင်းဟယ်သည် ရုတ်တရတ် လန့်ဖျတ်ပြီး ထခုန်တဲ့ ဒေါသထွက်နေသော ကြောင်တစ်ကောင်လို ဖြစ်သွားသည်။ သူမက ချက်ချင်းပင် သူ့လက်ကို တွန်းဖယ်လိုက်ပြီး "ရှင် ပြောစကားရှိရင် ဒီအတိုင်းပဲပြော လက်တွေ ခြေတွေ မပါလာနဲ့။" လို့ ပြောလိုက်သည်။

ဤသို့ဆိုရင်း သူမသည် သူ့ကို လျစ်လျူရှုကာ ဝံပုလွေတစ်ကောင်က သူမကို လိုက်ပါဖမ်းဆီးတာကို ခံနေရသကဲ့သို့ ချက်ချင်း ထွက်ပြေးသွားခဲ့သည်။

ကျိုးချင်းပိုင်သည် သူမရဲ့ အနည်းငယ် လန့်ဖျတ်နေသောပုံလေးကို ကြည့်နေခဲ့သည်။ သူ့မျက်နှာ‌ပေါ်တွင် အပြုံးခပ်ဖျော့ဖျော့ ပေါ်လာသည်။

သူ ဘာမှားနေလဲဆိုတာကို နားမလည်ပေမယ့် သူ့ဇနီးသည်နဲ့ ရင်းနှီးတည်ဆောက်ဖို့ ကြိုးစားတာက ကျိုးကြောင်းဆီလျော်မှုရှိတယ်လို့ ခံစားရသည်။

သို့ပေမယ့် သူ့ဇနီးသည်ကတော့ သူနဲ့ လိုက်လျောညီထွေ မဖြစ်သေးတာ သိသာပါတယ်။

ဒီတော်လှန်‌ရေး မအောင်မြင်သေးတော့ ရဲဘော်အနေဖြင့် အလုပ်ကြိုးစားဖို့ လိုအပ်နေသေးသည်။

ကျိုးချင်းပိုင်သည် အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းလိုက်သည်။ အစကတော့ သူ ဒီလိုအရာတွေ မလိမ်းချင်ပေမယ့် ရွာထဲမှ အသက် ၂၇နှစ်အရွယ်တွေက ၄၇အရွယ်လို့ ထင်ရတဲ့အထိ အိုစာတဲ့အကြောင်းကို သူမပြောခဲ့ဖူးတာကို ပြန်အမှတ်ရလိုက်တော့ သူ ဒါကို လိမ်းဖို့ ဆုံးဖြတ်လိုက်သည်။

ကျိုးချင်းပိုင်က ဖီးနစ်တံဆိပ်စက်ဘီးကို တစ်ခါတည်း ဝယ်ယူနိုင်ခဲ့တဲ့အကြောင်းဟာ တစ်ရွာလုံးမှာ ပျံ့နှံ့သွားခဲ့သည်။

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now