Chapter-58

4.7K 670 1
                                    

Unicode

အခန်း(၅၈) - ပျံသန်းနေသော လင်းယုန်
စာရေးသူ - NanFangLiZhi Southern Lychee 南方荔枝
ဘာသာပြန်ဆိုသူ - Snowtowel

ကျိုးချင်းပိုင်သည် ဝက်ကလေးနှစ်ကောင်ကို အစာကျွေးမွေးပြီး အထဲသို့ ပြန်ဝင်လာသောအခါ လင်းချင်းဟယ်သည် သူ့ခန္ဓာကိုယ်ကို နွေးထွေးသွားစေရန် သူ့အတွက် ဂျင်းလက်ဖက်ရည်ကို ထည့်ပေးရင်း မေးလိုက်သည်။ " ခွေးက ဘယ်အချိန် ရောက်လာမှာလဲ "

ဒါပေမယ့် သူ့မျက်နှာကို မြင်သောအခါ သူမသည် ချက်ချင်းပဲ အံ့အားသင့်စွာ ပြောလိုက်သည်။ " ရှင် မနက်က အစိုထိန်းခရင်မ်ကို မလိမ်းထားဘူးလား "

ကျိုးချင်းပိုင်က ဖြေသည် " မေ့သွားတယ် "

" ကျွန်မ မလိမ်းပေးတာနဲ့ပဲ ရှင် မေ့သွားရလား။ ရှင့်မျက်နှာက အခု မျောက်ဖင်နဲ့ တူနေပြီ ရှင် သိလား " လင်းချင်းဟယ်က ဒေါသတကြီးဖြင့် ငြီးတွားလိုက်သည်။

" မျောက်ဖင် " လောင်အာ့က ရှေ့သွားတွေပေါ်အောင် ပြုံးရယ်ရင်း ပြောသည်။

" အဖေရဲ့မျက်နှာက မျောက်ဖင်နဲ့ တူနေပြီ " လောင်တက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

သို့သော် ကျိုးချင်းပိုင်ထံမှ ဂရုမစိုက်သော အကြည့်တစ်ချက်ကြောင့် လောင်တ၏ ရယ်သံသည် ရုတ်ချည်း ရပ်တန့်သွားသည်။ လည်ပင်းညှစ်ခံရသော ဘဲတစ်ကောင်ကဲ့သို့ပင် သူသည် အခန်းထဲသို့ တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ပြန်ဝင်သွားသည်။

လင်းချင်းဟယ်က သူ့မျက်နှာကို ဆေးကြောဖို့ ရေနွေးနည်းနည်းကို လောင်းထည့်ပေးပြီးနောက် ခရင်မ်ကို ထပ်လိမ်းပေးလိုက်သည်။

" ညဘက်မှာ ကလေးတွေကို သူတို့ဘာသာ အိပ်ခိုင်းလိုက်ပါ " ကျိုးချင်းပိုင်က သူမ လိမ်းပေးပြီးတဲ့အထိ စောင့်ပြီး သူမလက်ကို ဆုပ်ကိုင်ရင်း ပြောသည်။

သူ၏ သိသာလှသော ပြင်းပြသည့် အကြည့်နဲ့ ဆုံလိုက်သောအခါ လင်းချင်းဟယ်သည် မသက်မသာဖြင့် ဘာမှနားမလည်သလို ဟန်ဆောင်ရင်း " သူတို့တွေက ငယ်ငယ်လေးတွေပဲ ရှိသေးတယ်။ ပြီးတော့ ရာသီဥတုကလည်း အရမ်းအေးခဲလွန်းနေတယ်။ ဒီအကြောင်းကို နွေဦးရာသီ ရောက်မှ ပြောကြရအောင် "

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now