Chapter-22

5K 667 10
                                    

Unicode

အခန်း(၂၂) - ခရိုင်မြို့သို့ ဈေးဝယ်ထွက်ခြင်း
စာရေးသူ - NanFangLiZhi Southern Lychee 南方荔枝
ဘာသာပြန်ဆိုသူ - Snowtowel

ကျိုးအမေသည် ရှစ်နာရီလောက်တွင် ညအိပ်ရန် ရောက်လာသည်။ 

ကလေးတွေက သူတို့ခြေထောက်တွေကို မဆေးကြောရသေးဘူး။ လင်းချင်းဟယ်သည် ညီအစ်ကိုတွေကို ဦးစွာ ဆေးကြောပေးလိုက်ပြီးနောက် ကျိုးအမေအတွက် ရေဇလုံ ယူလာပေးသည်။ ကျိုးအမေသည် အရမ်းအံ့သြသွားသည်။ စတုတ္ထရဲ့ဇနီးက သူမအတွက် ခြေထောက်ဆေးဖို့ ရေ တကယ် ယူလာပေးတာလား။ 

" အမေ... မနက်ဖြန် ကလေးတွေအတွက် ဝက်သားဆန်ပြုတ် လုပ်ပေးလိုက်ပါ။ အသားကို သန့်ရှင်းအောင် ရေကောင်းကောင်း သုံးပေးနော် " လင်းချင်းဟယ်သည် ရေကိုသာ ယူပေးပြီး ခြေထောက်ဆေးခြင်းအတွက်ကတော့ ကျိုးအမေ လုပ်ရုံသာ။ နောက်မှ သူမက ကူလောင်းပေးမည်။ 

" မနက်ဖြန် ဘာတွေသွားဝယ်မှာလဲ " သူမကို ပိုပြီး သဘောကျလာသောကြောင့် ကျိုးအမေက မေးလိုက်သည်။ 

" သိပ်မများပါဘူး။ အဓိက ကတော့ ကလေးတွေမှာ အတွင်းဝတ် အနွေးထည်နဲ့ ဘောင်းဘီရှည်တွေ မရှိလို့လေ။ ကျွန်မ ပစ္စည်းတစ်ချို့ ဝယ်ရမယ်။ အဲဒါရဲ့ဝယ်လိုအားကလည်း သိပ်မများဘူး။ ဒီတစ်ခါ အကြီးဆုံးမရီးကို အကူအညီတောင်းရမယ်။ ဒါပေမယ့် သူမရဲ့ကြိုးစားအားထုတ်မှုအတွက် အချိန် အများကြီး ပေးရလိမ့်မယ် " လင်းချင်းဟယ်က ရှင်းပြသည်။ 

သူမမြေးတွေအတွက် ပိုက်ဆံမသုံးစွဲရင် ဒီချွေးမက ' လင်း 'မိသားစုဆီ ယူသွားလိမ့်မည်လို့ ကျိုးအမေက တွေးထင်လိုက်သောကြောင့် သူမက ပြောလိုက်သည် " ညီအစ်ကိုတွေအတွက် အတွင်းဝတ် အထည်အချို့ ပြင်ဆင်ဖို့ အချိန်တန်ပြီ " 

လင်းချင်းဟယ်က သူမနှင့် မရင်းနှီးသောကြောင့် လုပ်စရာ အများစု ပြီးသွားသောအခါ သူမ၏ခြေဆေးဇလုံကို အပြင်ထုတ်လိုက်ကာ အနားယူရန် ပြင်ဆင်လိုက်သည်။ 

ရက်အနည်းငယ်ကြာလာတော့ လင်းချင်းဟယ်သည် အလေ့အကျင့်ဖြစ်နေပြီ။ အထူးသဖြင့် မနက်ဖြန် မနက်စောစော ခရိုင်မြို့သို့သွားရန် အိပ်ရာစောစော ထရန် လိုအပ်တော့ကြောင့်ပင်။ အရုဏ်မတက်ခင် သူမ ထွက်ခွာရမည်။ 

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now