Chapter-64

4.7K 642 3
                                    

Unicode

အခန်း (၆၄) - အသားလုံး
စာရေးသူ - NanFangLiZhi Southern Lychee 南方荔枝
ဘာသာပြန်ဆိုသူ - Snowtowel

" အသားအကြောင်း ပြောရရင် အသား ခွဲဝေဖို့ အချိန် နီးနေပြီ။ တုန်းတုန်းက ကံကောင်းလိုက်တာ… အချိန်ကိုက် မွေးဖွားလာတယ် ပြောရမယ် " ထိုအချိန်တွင် အကြီးဆုံးမရီးက ကြက်ဥယာဂုကို ယူကာ မီးဖိုချောင်ထဲက ထွက်လာပြီး အပြုံးလေးဖြင့် ကြားဝင်ပြောလိုက်သည်။

" ဟုတ်တယ် " လင်းချင်းဟယ်က ရယ်မောလိုက်သည်။

" အရင်က တတိယဒေါ်လေးကို လောင်တ တွေ့တော့ သူနဲ့အတူတူ ဆော့ဖို့ ညီလေး ဘယ်တော့မွေးမှာလဲ ဆိုပြီး မေးတယ်။ ကလေးရဲ့မျက်လုံးတွေက အတော်လေး ထိုးထွင်းသိမြင်နိုင်တာပဲ။ တတိယဒေါ်လေးရဲ့ဗိုက်ကို သူ ကြည့်လိုက်တာနဲ့ ညီလေးမှန်း သိနေတယ် " အကြီးဆုံးမရီးက ထုတ်ပြောသည်။

" လွန်ခဲ့တဲ့ နှစ်ရက်လောက်က ညီလေးကို လာတွေ့ဖို့ အမြဲ အပူကပ်နေတာ။ ကျွန်မက ' မင်းတို့တွေ အလုပ်မဟုတ်တာ လုပ်ပြီး သူများကို ဒုက္ခမပေးချင်နဲ့ ' လို့ပြောပြီး ဒီကိုလာမှာကို တားထားရတယ်။ နောက်တော့မှ သူတို့ညီငယ်လေးကို ကြည့်ဖို့ သူတို့ကို ခေါ်လာလိုက်မယ် " လင်းချင်းဟယ်က ပြောသည်။ ကြက်ဥယာဂုကို လှမ်းကြည့်ရင်း သူမက ပြောလိုက်သည်။ " အကြီးဆုံးမရီး… အထဲ ယူသွားလိုက်တော့လေ။ ကျွန်မလည်း ပြန်တော့မယ် "

" ကောင်းပြီ " အကြီးဆုံးမရီးက ပြန်ဖြေသည်။

လင်းချင်းဟယ်က ပြန်ရောက်လာသည်။ အကြီးဆုံးမရီးသည် ဒုတိယခယ်မကို လျစ်လျူရှုပြီး ယာဂုကို တတိယခယ်မဆီ ယူသွားလိုက်သည်။

" ပြဿနာ ရှာပြန်ပြီလား " တတိယခယ်မက အသံတိုးတိုးဖြင့် မေးသည်။

" အဲလိုပဲ မဟုတ်ဘူးလား။ စတုတ္ထရဲ့ဇနီးက ဘာမှမလုပ်ဘူး။ သူမကပဲ နေ့တိုင်း ဂြိုဟ်မွှေနေတာ။ ဘာကြံစည်နေမှန်း မသိဘူး " အကြီးဆုံးမရီးက တိုးတိုးလေး ပြောသည်။

" သူမနှလုံးသားက မလိုမုန်းထားနေတာ " တတိယခယ်မက ကဲ့ရဲ့ရှုံ့ချသည်။

သူမ ဘာကြောင့် မလိုမုန်းတီးနေတာလဲဆိုတာ အကြီးဆုံးမရီးလည်း သိသည်။ သူမသည် စတုတ္ထရဲ့ဇနီး၏ ကျဆုံးခန်းကို မျက်မြင် မတွေ့ခဲ့ရတာကြောင့် သူမ စိတ်မသက်မသာ ခံစားနေရသည်။

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now