Chapter-179

2.3K 297 0
                                    

အခန်း (၁၇၉) - ချေးငှားယူခြင်းဟု သတ်မှတ်နိုင်

လင်းချင်းဟယ်သည် ရွာထဲတွင် နောက်ဆုံးမှာ အတင်းစကားကို ကြားရတာ ဖြစ်သည်။ သူမက အချက်အလက်ရင်းမြစ် မရှိ၊ ရွာသားများနှင့် ပြောဆိုတာ ရှားသည်။

သူမ ကျောင်းကနေ အိမ်ပြန်ရောက်သည့်အချိန်တွင် ဘေးမှ ဟွမ်မိသားစု၏ အကြီးဆုံးချွေးမ ထိုအကြောင်းကို ပြောတာ ကြားလိုက်ရသည်။

ထိုထက်ပိုသည်က ဟွမ်တာ့၏ ဇနီးက စိတ်ရှုပ်နေသော မျက်နှာထားဖြင့် ပြန်လာသောကြောင့် လင်းချင်းဟယ်က သတိထူးများရှိသလားဟု သာမန်ကာလျှံကာ မေးခဲ့သည်။

ပြီးနောက် ဟွမ်တာ့၏ ဇနီးက သူမကို တိုးတိုးလေး ပြောပြတော့သည်။

သည်တော့မှ လင်းချင်းသယ် သိသွားသည်။

"နင်မသိသေးဘူး၊ လောင်မားရဲ့မိသားစုက မနေ့ညက ရန်ဖြစ်ကြတာလေ၊ တတိယမားရဲ့ သားအငယ်ဆုံးက သူ့သားမဟုတ်ဘူးတဲ့လေ၊ စတုတ္ထမားရဲ့သားလို့ ကြားတယ်" ဟွမ်တာ့၏ ဇနီးက ခပ်တိုးတိုး သတင်းပေးသည်။

ထိတ်လန့်သွားသော်ငြား လင်းချင်းဟယ်က ၎င်းကို လက်ခံရန် မခက်ခဲပေ။

သူမနှင့် ကျိုးချင်းပိုင်သည် ဝမ်လင်းနှင့် စစ်မား(လေးယောက်မြောက်သား)တို့ ဖောက်ပြန်တာကို အရင်တည်းက မျက်မြင်တွေ့ခဲ့သည်။

သူမက ၎င်းကို မထုတ်ဖော်ရုံသာ ဖြစ်သည်။ ဆိုရလျှင် သူမ၏ ကလေးများက ငယ်သေးသည်။ ထိုနယ်ပယ်တွင် တစ်ယောက်နှင့်တစ်ယောက် မကြာခဏ တွေ့နေရသောကြောင့် သူမက တခြားသူများအတွက် ထွက်ပေါက်တစ်ခု ထားရမည်။ မဟုတ်လျှင် သူမက ရေတွင်းထဲ ခုန်ချရန် ဖိအားပေးခံရလျှင် မည်သို့ ဖြစ်မည်နည်း။

ထိုစုံတွဲ၏ အမူအကျင့်အရ သူတို့မည်သည့်အချိန်က စတင်ဖောက်ပြန်ခဲ့မှန်း မည်သူက သိမည်နည်း။

ဝမ်လင်းသည် သမီးလေးယောက်မွေးခဲ့ပြီး ပဉ္စမတစ်ယောက်ကျမှ သားတစ်ယောက်ရခဲ့တာ ဖြစ်သည်။

ထို့အပြင် လင်းချင်းဟယ်နှင့် ဝမ်လင်းကြား အမုန်းတရား မရှိပေ။ ဝမ်လင်းက လင်းချင်းဟယ်သည် သူမထက် ကောင်းကောင်းမွန်မွန် နေထိုင်နေရသောကြောင့် မနာလို ဖြစ်နေခြင်းသာ ဖြစ်သည်။

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now