Chapter-17

5.3K 710 7
                                    

Unicode

အခန်း(၁၇) – ကိုယ်ပိုင် ဘဏ္ဍာတိုက်လေး
စာရေးသူ - NanFangLiZhi Southern Lychee 南方荔枝
ဘာသာပြန်ဆိုသူ - Snowtowel

ကျိုးလောင်စန်းကို ပြန်ပို့ပေးတဲ့သူက အကြီးဆုံးမရီး၏ ဒုတိယသမီး ကျိုးအာ့နီ ဖြစ်သည်။ ကျိုးလောင်တ နှင့် ကျိုးလောင်အာ့ လည်းအတူပါလာသည်။ 

" အဘိုးနဲ့ အဘွားအတွက် နောက်ထပ် ဟင်းတစ်ခွက် ချက်ဖို့ ဒီအရိုးကို ယူပြန်သွားလိုက် " လင်းချင်းဟယ်သည် သူမအပေါ် ကျိုးမိသားစုဝင်တွေ ဘယ်လိုတွေးနေမယ်ဆိုတာ ဂရုမစိုက်ပဲ ကျိုးအာ့နီကို အရိုးပေးပြီး ပြန်လွှတ်လိုက်သည်။ 

" တစ်မနက်ခင်းပဲ ရှိသေးတယ်... မင်းတို့ ကြောင်ညစ်ပတ်လေးတွေ ဖြစ်နေပြီ " လင်းချင်းဟယ်သည် ရေဆွဲပြီး လောင်အာ့နှင့် လောင်စန်း၏မျက်နှာတွေကို သန့်ရှင်းဆေးကြောပေးလိုက်သည်။ 

ပြီးနောက် လောင်တကို ဆေးကြောပေးသည်။ လောင်တ မေးလိုက်သည်။ " အမေ..... အဖြူရောင် ဘန်းမုန့် ဘယ်နှစ်ခု ဝယ်ခဲ့လဲဟင်... " 

" ဘယ်နှစ်ခု လိုချင်လို့လဲ " လင်းချင်းဟယ် မေးခွန်းထုတ်လိုက်သည်။

" သေချာပေါက် တစ်ယောက် တစ်ခုစီပေါ့ " လောင်တ ဖြေလိုက်သည်။ 

" ဆုတောင်းလေ " လင်းချင်းဟယ်​ဆက်ပြောသည်။ " နှစ်ခုပဲ ဝယ်လာတာ.... တစ်ယောက်တစ်ဝက်စီပဲ ရမယ် " တစ်ယောက် တစ်ဝက်ဆိုလည်း ထူးကဲကောင်းမွန်နေပြီ။ 

သူတို့သုံးယောက်ကို သန့်ရှင်းပြီးနောက် လင်းချင်းဟယ်သည် ဆန်ပြုတ်ကို နွေးလိုက်သည်။ သေချာတာပေါ့ ဂတ်စ် မရှိတဲ့အတွက် တော်တော် ဒုက္ခရောက်သည်။ 

မော်ဒန်ခေတ်နှင့် နေသားကျနေသော လင်းချင်းဟယ်သည် လိုက်လျောညီထွေ ဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။ တကယ်တော့ သူမသည် ကောင်းကောင်း လိုက်လျောညီထွေ ရှိနေပြီ ဖြစ်ပေမယ့် အနည်းငယ် ပျင်းရိသလို ခံစားနေရသည်။ 

နေ့လည်စာသည် ဆန်ပြုတ်၊ အသားနှင့် သခွားသီးကြော်၊ ကြက်ဥပြုတ်များ နှင့် အရေးအကြီးဆုံးကတော့ အဖြူရောင် ဘန်းမုန့် နှစ်ခုပဲ။ 

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now