Chapter-18

5.3K 679 24
                                    

Unicode

အခန်း(၁၈) - အိမ်ရှိ စုဆောင်းငွေလေး
စာရေးသူ - NanFangLiZhi Southern Lychee 南方荔枝
ဘာသာပြန်ဆိုသူ - Snowtowel

ဘေးဘက်အခန်းတွင် အကြီးဆုံးမရီးကလည်း ဒီနေ့ လင်းချင်းဟယ် ပို့ပေးလိုက်သည့် အရိုးအကြောင်း ပြောနေသည်။ 

သူမမှာ ဒုတိယမရီးကဲ့သို့ တူညီသော အတွေး မရှိသော်လည်း စိတ်ရှုပ်ထွေးသော အမှုအယာတော့ ပေါ်နေသည်။ ထို့ကြောင့် ကျိုးချင်းမုသည် စတုတ္ထရဲ့ဇနီးက အသိတရားရှိပြီး စဥ်းစားချင့်ချိန်တတ်လာပြီဟု ပြောသည်။ 

အကြီးဆုံးမရီးသည် သူ့ကို မျက်စောင်းထိုးလိုက်သည်။ အရင်တုန်းက စတုတ္ထရဲ့ဇနီး ဖြစ်ရပ်တွေ ဖန်တီးတဲ့အခါ သူမက ငယ်လွန်းပြီး မစဥ်းစား မချင့်ချိန်တတ်သေးဘူးလို့ သူမယောကျာ်းက ပြောခဲ့သည်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ သူမက ကလေးသုံးယောက် အမေ ဖြစ်နေပြီ။ ဘယ်အချိန်က အသိတရားရှိသလို သူမ ပြုမှုနေလို့လဲ။ 

အခုမှ အသိတရား ရှိလာတယ်...?? ဘယ်သူက ယုံကြည်မှာလဲ။ 

" ဒါက အရမ်း ဖြုန်းတီးရာကျတယ်။ သူမ ခြင်းတောင်းနဲ့အပြည့် ပစ္စည်းတွေ သယ်လာတာ တွေ့တယ်လို့ ထောင်ဇီရဲ့အမေက ပြောတယ် " အကြီးဆုံးမရီးက ပြောသည်။

အဝတ်နဲ့ ဖုံးထားလို့ ဘာတွေလဲဆိုတာတော့ မသိဘူး။ ဒါပေမယ့် သူမက အရိုးကြီးတစ်ကြီး ပေးဖို့ စိတ်ဆန္ဒ ရှိတယ်ဆိုတော့ သူမ အများကြီး ဝယ်လာတာ ဖြစ်ရမယ်။ 

ကျိုးချင်းမုလည်း ထိုအချက်ကို ထောက်ခံသည်။ ကောင်းမွန်စွာ နေနိုင်ဖို့ ဘယ်လောက်တောင် ဖြုန်းတီးနိုင်တာလဲ။ ပြီးတော့ ညီအစ်ကိုသုံးယောက်မှာ တစ်ယောက်က မျက်စိတစ်မှိတ်အတွင်းမှာ ငါးနှစ် ရှိသွားပြီ။ နှစ်သစ်ကူးပြီးရင် ခြောက်နှစ် ဖြစ်တော့မယ်။ ကလေးတွေ ကြီးပြင်းလာတဲ့အခါ ပိုက်ဆံ မလိုနိုင်ဘူးလား။ 

အမှန်အတိုင်းပြောရရင် သူ့မှာ သားတစ်ယောက်ပဲ ရှိလို့ ကျိုးချင်းမုလည်း အနည်းငယ်တော့ မနာလိုဖြစ်မိသည်။ ပထမ ကလေးသုံးယောက်က သမီးတွေဖြစ်လို့ ဖိအားက တော်တော်လေး နည်းသည်။ ဒါပေမယ့် သူက ပိုပြီး စိတ်ဖိစီးမှု များရတာကို ပိုလိုလားသည်။ 

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now