Chapter-116

3.7K 477 3
                                    

Unicode

အခန်း (၁၁၆) – လူကိုတွယ်ကပ်လွန်းသည့် အမျိုးသား

နွေရာသီကာလ ညအချိန်မှာ တစ်မိသားစုလုံး ကြယ်ရောင်စုံ ကောင်းကင်အောက်မှာ ပင်ပန်းဆင်းရဲတဲ့ နေ့ရက်တွေကို ဖြတ်သန်းနေရပေမယ့် ဒီအချိန်လေးမှာတော့ ကျိုးချင်းပိုင်ဖြစ်ဖြစ် ကောင်လေးတွေပဲဖြစ်ဖြစ် သူတို့အားလုံး အတော်လေးကို ပျော်ရွှင်နေကြသည်။

သူတို့ အသက်ကြီးလာသည်နှင့်အမျှ ဒီညီအစ်ကိုတွေကို လှည့်စားဖို့ ပိုခက်ခဲလာခဲ့သည်။

သို့သော် ခြုံငုံကြည့်ရှုပြီး ပြောရမယ်ဆိုရင် လင်းချင်းဟယ်သည် သူမရဲ့ လက်ရှိဘဝကို ကျေနပ်နှစ်သက်မိသည်။

အချိန်က သိပ်မစောတော့သဖြင့် လင်းချင်းဟယ်သည် သူတို့ ညဖက် အဆာပြေ ပဲတီစိမ်းစွပ်ပြုတ်ချိုလေးကို တိုက်ကျွေးခဲ့သည်။

ဒီပဲတီစိမ်းစွပ်ပြုတ်ခပ်ပျစ်ပျစ်လေးက အနည်းငယ် ချိုမြမြ အရသာရှိပြီး ဒီကောင်လေးတွေရဲ့ အကြိုက် ဖြစ်လေသည်။ လင်းချင်းဟယ်သည် နွေရာသီ အပူ သက်သာစေရန်အတွက် ဒီစွပ်ပြုတ်လေးကို နေ့တိုင်းလိုလို ချက်ပြုတ်ထားလေ့ရှိသည်။

အိုးတစ်လုံးစာက သိပ်မများပေမယ့် လူတစ်ယောက်ကို တစ်ပန်းကန်စီ သောက်သုံးဖို့ လုံလောက်ပါသည်။ ဒါကို သောက်သုံးရတာ အရမ်းစိတ်ကျေနပ်ဖို့ ကောင်းနေဆဲပင်။

ညဖက် အိပ်စက်တဲ့အခါ လင်းချင်းဟယ်က ကောင်လေးတွေအတွက် ခြင်ထောင်ချပေးသည်။

ခြင်ထောင်အောက်မှာ အိပ်စက်ရတာ နည်းနည်းတော့ အနေရခက်ပေမယ့် ခြင်တွေကို သွေးအလှူ မပေးချင်သည့်အတွက် ခြင်ထောင်ထောင်ရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိပေ။

လင်းချင်းဟယ်နဲ့ ကျိုးချင်းပိုင်တို့သည်လည်း ခြင်ထောင်ထောင်ပြီး အိပ်စက်ကြသည်။ ဆောင်းရာသီမှာဆိုရင် ကျိုးချင်းပိုင်က မီးဖိုကြီးလို နွေးထွေးနေသည့်အတွက် သူနဲ့အတူ အိပ်ရတာ အလွန် သက်‌တောင့်သက်သာ ရှိသောကြောင့် လင်းချင်းဟယ်သည် သူနဲ့အတူ အိပ်စက်ရတာ အရမ်းကြိုက်သည်။

သို့ရာတွင် လင်းချင်းဟယ်သည် ဒီနွေရာသီမှာတော့ ၎င်းကို သည်းမခံနိုင်တော့ပဲ ကျိုးချင်းပိုင်နဲ့ ခပ်ဝေးဝေး နေချင်ခဲ့သည်။

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now