Chapter-197

2.3K 279 0
                                    

အခန်း (၁၉၇) – ငါတို့ကို ဂရုစိုက်ပြုစုပေးဖို့ ငါတို့သားတွေကို အားကိုးရန် အစီအစဥ်မရှိ

ကျိုးရှောင်မိန်တို့ လင်မယား ပြန်သွားသောအခါ လင်းချင်းဟယ်က အမေကျိုးအား "သူတို့နှစ်ယောက်က တကယ့်ကို ဆက်ဆံရေးကောင်းကြတယ်။" လို့ မှတ်ချက်ပြုခဲ့သည်။

"တာ့လင်းက စကားနည်းနည်းထစ်ပေမယ့် ရှောင်မိန်ကိုတော့ ပြုစုစောင့်ရှောက်ပေးတဲ့နေရာမှာ တော်တယ်။" အမေကျိုးက ခေါင်းညိတ်ထောက်ခံသည်။

အမေကျိုးသည် သူ့သားမက်လေးရဲ့ စကားထစ်တာကို အခုအချိန်မှာတော့ လက်ခံနိုင်ခဲ့ပြီ။

စုတာ့လင်းက မိသားစုကို ပြုစုပျိုးထောင်နိုင်တဲ့ အမျိုးသားဖြစ်ပြီး အရက်သေစာ သောက်စားပြီး အပြင်မှာ လမ်းများတဲ့ အမျိုးသား မဟုတ်ပဲ သူ့ဇနီးနဲ့ သားသမီးတွေကို စောင့်ရှောက်ပေးနိုင်တဲ့ လူကောင်းတစ်ယောက် ဖြစ်သည်။

ဒါ့ကြောင့် ချို့ယွင်းချက်လေး တချို့ ရှိနေတာက လက်သင့်ခံနိုင်ပေသည်။

အနည်းဆုံးတော့ အခုအချိန်မှာ အိမ်ထောင်ကျသွားသည့် သမီးသုံးယောက်အထဲမှာ အငယ်ဆုံးသမီးလေးက အိမ်ထောင်ကျ ကံအကောင်းဆုံး ဖြစ်သည်။

"အဲ့တာကို ပြောရရင်၊ ဒါတွေအားလုံး နင့်ကြောင့်ပါပဲ။" အမေကျိုးက အပြုံးလေးဖြင့် စကားဆိုခဲ့သည်။

အမေကျိုးသည် သူမ သမီးငယ်လေးထံမှ မိဘမဲ့၊ ကားနှင့် အိမ်ရှိသည့် လူမျိုးကို ရွေးချယ်သင့်ကြောင်း လင်းချင်းဟယ် ပြောပြခဲ့သည့် ခင်ပွန်းရွေးချယ်ခြင်းဆိုင်ရာ စံနှုန်းတွေ အကြောင်း ကြားသိခဲ့ရသည်။

ဒီစကားလုံးတွေက နားထဲကြားရတာ ကန့်လန့်ဖြစ်နေပေမယ့် အခု သူမ စဥ်းစားကြည့်‌တော့ ဒါက ပိုကောင်းနေတယ် မဟုတ်ပါလား။

တစ်ကိုယ်ရေ အိမ်ထောင်စုသည် အခြားသူများနှင့် ငြင်းခုန်ရန်ဖြစ်ရန် ခက်ခဲသည်။ ဒါပေမယ့် သူတို့ဘဝကို ဆက်လျှောက်နိုင်သ‌ရွေ့ အဆင်ပြေနေမှာပဲ မဟုတ်ပါလား။

ကျိုးတုန်းနဲ့ လက်ထပ်ထိမ်းမြားခဲ့သည့် ချိုင်ပါ့မိန်ကိုပဲ ကြည့်ပါလား။

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now