Chapter-142

3.3K 435 2
                                    

Unicode

အခန်း (၁၄၂) - အမေက မကောင်းတဲ့စကားတစ်ခွန်းပြောခဲ့တယ်

လာဘပွဲတော်တွင် လင်းချင်းဟယ်သည် မနက်စောစောထပြီး လာလဘယာဂုတစ်အိုး ချက်ပြုတ်တော့သည်။

ယင်းက အနည်းငယ်သာချိုပြီး လင်းချင်းဟယ်ပြုလုပ်သည့်ယာဂုက တစ်မူထူးခြားသော အရသာရှိကာ အလွန်အရသာကောင်းသည်။

မနေ့က အဖေကျိုးနှင့် အမေကျိုးတို့သည် ဤနေရာသို့မလာခဲ့ကြပေ။ ထို့ကြောင့် သူတို့က အနည်းငယ်ခပ်ထည့်ပြီး တစ်ယောက်ကို ပန်းကန်လုံးနှစ်လုံးစီ စားကြ၏။

သို့သော် ဆီမပါဝင်မှုကြောင့် ယခုခေတ်လူများ၏ အနပ်တိုင်းကို စားလိုစိတ်က အလွန်ကြီးသည်။ လင်မယားနှစ်ယောက်၏အသက်အရွယ်က ကြီးပြင်းသော်ငြား သူတို့သည် ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်အရွယ်နှင့် ယှဉ်နိုင်သေးသည်။

ထို့ကြောင့် သူတို့ပန်းကန်လုံးနှစ်လုံးက မည်ကဲ့သို့ လုံလောက်မည်နည်း။ အလွန်ဆုံးမှ သူတို့ တစ်ဝက်သာ ဗိုက်ပြည့်လိမ့်မည်။

သို့သော် ယခုနှစ်ကမူ မတူတော့ပေ။ ထိုအမယ်အိုလင်မယားက တစ်နေ့လျှင် သုံးနပ်စားသောက်ရန် ဤနေရာသို့ ရောက်လာ၏။ ထို့ကြောင့် လာဘယာဂုကိုစားချိန်၌ သူတို့အစာအိမ်များပွင့်ကုန်တော့ သည်။

"မနှစ်တုန်းက နှင်းကျတာထူတယ်။ အမေ၊ အဖေ နွေးနွေးထွေးထွေးအိပ်ရရဲ့လား" လင်းချင်းဟယ် ကမေးပြီး လာဘယာဂုကိုသောက်လိုက်၏။ မနေ့ညက လောင်တနှင့် လောင်အာ့တို့ကို လင်းချင်းဟယ်က သူတို့အခန်းထဲခေါ်အိပ်၏။ တစ်မိသားစုလုံးက အနွေးကုတင်ပေါ်၌ နှစ်နှစ်ခြိုက် ခြိုက်အိပ်ပျော်ကြသည်။

လောင်တနှင့် လောင်အာ့သည် အရွယ်ကြီးနေပြီဖြစ်သော်ငြား သူတို့နှင့်လာအိပ်ရတာကို အလွန်ပျော်ရွှင်နေသေးသည်။

"နွေးတယ်။ အဲ့ဒီဂွမ်းကတ်က နူးညံ့ပြီး နွေးနေတာပဲ" အမေကျိုးက ပြုံးပြီးပြောလိုက်သည်။ အဖေကျိုးကလည်း ခေါင်းညိတ်လိုက်၏။

ဂွမ်းကတ် နွေးရုံသာမက သူ၏ဇနီးသည်ထိုးပေးထားသော ဆွယ်တာအသစ်ကလည်း အလွန်ဇိမ်ကျသည်။

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now