Chapter-146

3K 375 1
                                    

Unicode

အခန်း (၁၄၆) – အိမ်ပြောင်းဖို့ ကူညီထောက်ပံ့ခြင်း

ဤအချက်က အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းသောကြောင့် အဖိုးကြီး အဖွားကြီး ဇနီး‌မောင်နှံနှစ်ဦးသား အိပ်မပျော်မီ တစ်နာရီကျော်ကြာ စကားပြောခဲ့ကြသည်။

ပြီးတော့ အနာဂတ်တွင် လောင်တ ကောလိပ်တက်နိုင်လျှင် သူ့အိမ်ထောင်ရေးအတွက် ကူညီပေးဖို့ သူတို့လူအိုကြီးနှစ်ယောက်ကို လိုအပ်ဦးမှာလား။

ဒါက မလိုအပ်လောက်ဘူး။

တကယ်လို့ သူသာ တက္ကသိုလ်ကျောင်းသားတစ်ဦး ဖြစ်လာပါက နောင်အနာဂတ်တွင် လောင်တက သူ လိုချင်သည့် မည်သည့် အိမ်ထောင်ဖက်မျိုးမဆို ရွေးချယ်လက်ထပ်နိုင်မှာပဲ ဖြစ်သည်။

ထို့နောက် လူအိုကြီး ဇနီးမောင်နှံဟာ စတုတ္ထရဲ့ ဇနီးသည်ဟာ အရမ်းကံကောင်းကြောင်း တွေးမိကာ သက်ပြင်းချမိပြန်သည်။

သူမက တစ်ပြားတစ်ချပ်မှ မချွေတာပေမယ့် သူမသားဖြစ်သူက အရမ်းတော်တယ်။ နောင်အနာဂတ်မှာ ကလေးတွေက သူတို့ လက်ထပ်ထိမ်းမြားဖို့ ဇနီးသည်တစ်ယောက်ကို ရှာဖွေဖို့ သူတို့လူအိုကြီးတွေရဲ့ အကူအညီကို မလိုအပ်တော့သလို သူတို့ကိုယ်စွမ်းကိုယ်စဖြင့် ဇနီးမယားတစ်ယောက်ကို လက်ထပ်ထိမ်းမြားနိုင်သည်။

လင်းချင်းဟယ်က သူတို့လူအိုကြီးစုံတွဲရဲ့ ခံစားချက်တွေကို လုံးဝ မသိလိုက်ပေ။ အဲ့ဒီအခိုက်အတန့်မှာ သူမက ကျိုးချင်းပိုင်ရဲ့ သိမ်းပိုက်စားသုံးနေတာကို ခံခဲ့ရသည်။

သူတို့စုံတွဲဟာ အခုဆို လက်ထပ်ပြီးတာ ကြာမြင့်နေပြီ ဆိုပေမယ့် အမြဲတမ်း ရင်ခုန်စိတ်လှုပ်ရှားနေတုန်းပါပဲ။

ညဖက် လုပ်ငန်းစဥ် ပြီးဆုံးသွားသောအခါတွင် လင်းချင်းဟယ်သည် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကောင်းမွန်လာကာ "ဝက်သားမှောင်ခိုရောင်းချတဲ့ အကြောင်းကို ကျွန်မတို့ အမေ့ကို ပြောပြသင့်လား။"

သူမရဲ့ ယောက္ခမက ဒီအကြောင်းကို ဘာမှ မသိဘူး။ အရင် သူမတို့က တစ်အိမ်ထောင်တည်း ထမင်းအတူပေါင်းစားတာ မဟုတ်သည့်အတွက် ဒီအကြောင်းကို မပြောတာ ကောင်းပေမယ့် ‌နောင်အနာဂတ်မှာ လူအိုကြီးတို့ဇနီးမောင်နှံက သူမတို့နှင့်အတူ စားသောက်နေဦးမှာပဲ ဖြစ်သည်။ အချိန်တန်ရင် သူတို့က အနှေးနှင့် အမြန် ဆိုသလို ဒီအကြောင်းကို သိရှိသွားမှာပါပဲ။

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now