Chapter-133

3K 379 0
                                    

Unicode

အခန်း (၁၃၃) – ကြီးမားသော လဲလှယ်မှု

ကျိုးချင်းပိုင်ဟာ ဒီကိစ္စမှာ နောက်ဆုံး၌ သူက မှားယွင်းသူအဖြစ် ဘယ်လို ပြောင်းလဲသွားမှန်း မသိခဲ့ဘူး။

ညဖက် အိပ်စက်ချိန်မှာ လင်းချင်းဟယ်က သူမကို ပွေ့ဖက်ခွင့်မပြုဘူး။

နောက်တစ်နေ့မနက်ခင်းတွင် သူ မနက်စာ ဝယ်ခြမ်းပြီး ပြန်‌ရောက်လာတော့ သူမ ချန်ထားသည့် စာရွက်ပိုင်းလေးကို တွေ့လိုက်ရသည်၊ ထိုစာရွက်ပေါ်တွင် 'ရှင် သေချာစဥ်းစားပြီးရင် ကျွန်မ ပြန်လာခဲ့မယ်' လို့ ရေးသားထားသည်။

ဒါက ကျိုးချင်းပိုင်ရဲ့ မျက်နှာကို တစ်ခါတည်း ပျက်ယွင်းသွားစေသည်။

ချက်ချင်းပင်၊ ထိတ်လန့်တကြားနဲ့ သူ့ဇနီးသည်ကို ရှာဖွေဖို့ အောက်ထပ်သို့ အပြေးအလွှား ဆင်းလာခဲ့ပေမယ့် မနေ့က တွေ့သည့် မဒမ်က "ကောင်လေး၊ ဒီကို ခဏလာပါဦး" လို့ လှမ်းခေါ်လို့ သွားလိုက်ရသည်။

ကျိုးချင်းပိုင်က စိုးရိမ်ပူပန်စိတ်ကို ထိန်းကာ "မဒမ်၊ ဘာကိစ္စရှိလို့လဲ။"

"မင်းဇနီးသည်ကို လိုက်ရှာမလို့လား။" သန့်ရှင်းရေးလုပ်နေသည့် မဒမ်က ပြုံးပြုံးလေး မေးလိုက်သည်။

"သူမ ဘယ်သွားလဲ ဆိုတာကို မဒမ် သိလား။" ကျိုးချင်းပိုင်က ချက်ချင်း မေးမြန်းလိုက်သည်။

"မင်းဇနီးသည်က မင်း သူမကို အပြင်မှာ လိုက်မရှာဖို့ ငါ့ကို ပြောခိုင်းထားတယ်။ သူမ ပြန်လာချင်တဲ့အခါကျရင် ပြန်လာပါလိမ့်မယ်။ မင်းအပြင်မှာ လိုက်ရှာရင်လည်း မတွေ့နိုင်ဘူး။" မဒမ်က ပြန်ဖြေပေးခဲ့သည်။

ကျိုးချင်းပိုင်က အသက်ပြင်းပြင်းရှူပြီး "ကျွန်တော့်ဇနီးက တခြား ဘာပြောသေးလဲ။"

"မင်းဇနီးက မင်းတို့နှစ်ယောက်ကြားက ကိစ္စကို မင်း သေချာပြန်စဥ်းစားကြည့်ဖို့ ပြောခဲ့သေးတယ်။ သူမ ပြန်လာတာကို စောင့်နေတုန်း အခန်းထဲမှာ မင်း သေချာတွေးကြည့်လိုက်ပါ။ သူမ စိတ်ပြေလက်ပျောက် ‌စျေးဝယ်ထွက်ပြီးရင် ပြန်လာလိမ့်မယ်။" ဟု မဒမ်က ပြန်ဖြေသည်။

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now