Chapter-47

5K 717 12
                                    

Unicode

အခန်း(၄၇) - ချိုမြိန်မှုကို ခံစားခွင့်ပေးခြင်း
စာရေးသူ - NanFangLiZhi Southern Lychee 南方荔枝
ဘာသာပြန်ဆိုသူ - Snowtowel

ကျိုးချင်းပိုင်သည် "ကလေးတို့ အဖေ" ဟူသော စကားလုံးနှစ်လုံးကို ကြားလိုက်ရပြီး သူ့မျက်နှာမှာ အချက်နှစ်ချက်ဖြင့် ပျော့ပြောင်းသွားသည်။ သူမ၏ရည်ရွယ်ချက်ကို သူ နားမလည်သော်လည်း လိုက်နာဆဲ ဖြစ်သည်။

သူသည် ဗီရိုဆီသို့ သွားကာ သူမအတွက် ဘောပင်နှင့် စာရွက်ကို ယူလိုက်သည်။ လင်းချင်းဟယ်သည် မနက်ဖြန် ကျိုးချင်းပိုင် ဝယ်ရမည့်ပစ္စည်းများကို ရေးနေရင်း ခြေထောက်ကို စိမ်ထားလိုက်သည်။
ယေဘူယျအားဖြင့်တော့ ဝယ်ဖို့ကောင်းတဲ့ ပစ္စည်းလေးတွေ ရှိသည်။

ရေးပြီးတာနဲ့ သူမသည် လောင်တကို ပြသည် " နားလည်လား "

လောင်တက မျက်မှောင်ကြုတ်လိုက်သည်။ သံသယရှိစရာ မလိုဘူး... သူ နားမလည်ဘူးလေ။

" ဒါက မင်းအဖေ မနက်ဖြန် ခရိုင်မြို့မှာ သွားဝယ်မယ့် ပစ္စည်းတွေပဲ။ မင်း စာမသင်ရင် ဒါကို မင်း နားလည်မှာမဟုတ်ဘူး။ သင့်တော်တဲ့ အလုပ် တစ်ခုမှလည်း မင်း ရှာနိုင်မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မင်း စာမလေ့လာရင် မျက်လုံးတစ်ဖက်ပဲ ပွင့်ပြီး ကန်းနေသလို ဖြစ်နေမယ်။ ယဉ်ကျေးမှုနဲ့ ဗဟုသုတများဖြင့်သာ ဆိုရင် မင်း ဘယ်ပဲသွားသွား လျစ်လျှူရှုခံရမှာကို ကြောက်စရာ မလိုတော့ဘူး။ မဟုတ်ရင် ဒီရွာသေးသေးလေးမှာပဲ မင်း တစ်သက်လုံး အလုပ်လုပ်နေရမှာ။ ရွာထဲက ယောက်ျားတွေကိုပဲ ကြည့်လိုက်...။  သူတို့တွေက ဆယ့်ခုနစ်နှစ် သို့မဟုတ် ဆယ့်ရှစ်နှစ်မှာ မိသားစုတစ်ခု တည်ထောင်ပြီး ကလေးတွေကို ပြုစုပျိုးထောင်ဖို့ လယ်လုပ်ကြတယ်။ သူတို့ တစ်ဦးချင်းစီက အသက် 27/28 နှစ်ကို အသက် 47/48 နှစ်လို့ ထင်နေရသည်။ အခု မင်းအဖေကို ကြည့်စမ်း။ အရင်က သူ ရွာမှာပဲ အလုပ်လုပ်ခဲ့ရင် သူလည်း ရွာသားတွေလို ဖြစ်နေမှာ သေချာတယ်။ မရှောင်လွှဲနိုင်ဘူး " လင်းချင်ဟယ်က ရှင်းလင်းအောင် ပြောပြသည်။

ကျိုးချင်းပိုင် : "..."
ရုတ်တရတ် အကျပ်အတည်းကို ခံစားလိုက်ရသည်။ ငါ ဘာလုပ်သင့်လဲ။ မိန်းမက မျက်နှာဖြင့် အကဲဖြတ်ပုံ ရတယ်???

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now