Chapter-29

5K 659 6
                                    

Unicode

အခန်း(၂၉) - အကောင်းဆုံးအသားအဖြစ် အသိအမှတ်ပြုကြသည်
စာရေးသူ - NanFangLiZhi Southern Lychee 南方荔枝
ဘာသာပြန်ဆိုသူ - No Noe (Miracle_Phyu97)

လုပ်ဖော်ကိုင်ဖက်နှစ်ယောက်စလုံးက သူတို့တစ်ယောက်လျှင် ငွေပြားခြောက်ဆယ်ဆို လုံလောက်တယ်၊ ကျန်ပြားရှစ်ဆယ်ကို ကျိုးတုန်ယူဖို့ နှစ်ယောက်စလုံးကပြောသည်။ နောက်ဆုံးမှာတော့ သူ့ကြောင့်သာမဟုတ်ရင် သူတို့ ဒီလောက်အခကြေးငွေ ရနိုင်မှာ မဟုတ်ဘူး။

တစ်ကြိမ်တည်းဖြင့် ငွေပြားခြောက်ဆယ်ရတာ များပါသည်။ အရွယ်ရောက်ပြီးလူကြီးများ၏ တစ်နေ့တာဝင်ငွေသည်ပင် ငွေပြားလေးဆယ်ခန့်သာရှိသည်ကို သိထားသင့်သည်။ ၎င်းသည် ပျမ်းမျှအားဖြင့် ငွေပြားခြောက်ဆယ် သို့မဟုတ် ခုနစ်ဆယ်ခန့်အထိ ဝင်ငွေရရှိနိုင်ဖို့ အခွင့်အလမ်းက အလွန်နည်းပါးသည်။

သူတို့ ဆယ်ကျော်သက်တွေဆိုရင် အများဆုံး ငွေပြားနှစ်ဆယ်လောက်သာ ရရှိသည်။

ယခု ဆောင်းစပါးစိုက်ပျိုးနေပြီဖြစ်၍ အလုပ်အားလပ်မည့်အချိန်သို့ပင် ရောက်ရှိလာတော့မည်။ ထိုအချိန်တွင် အလုပ်ကြိုးစားသူ အများအပြားသည် ခရိုင်မြို့ပေါ်၌ ရောင်းချရန် ထင်းရှာဖို့ ရွေးချယ်ခဲ့ကြသည်။

ဒီနည်းလမ်းက သူတို့စုဆောင်းငွေကို ထုတ်သုံးစရာမလိုပဲ သူတို့ရဲ့ မိသားစုအသုံးစရိတ်တွေကို တစ်ဖက်တစ်လမ်းကနေ နည်းနည်း ထောက်ပံ့ပေးနိုင်သည်။

အထူးသဖြင့် သူတို့ဟာ ဆယ်ကျော်သက်အရွယ်ဖြစ်၍ အစားစားချင်စိတ် မြင့်မားသည်။

တစ်နေကုန်အလုပ်အများကြီး လုပ်ရပေမယ့် သူတို့ ငွေအများကြီး မရှာနိုင်ဘူး။ ဒါပေမယ့် ဒီနေ့မှာတော့ သူတို့က ငွေပြားခြောက်ဆယ်ရရှိခဲ့ပြီး ဒါက တော်တော်လေးများပြားပါသည်။

ထို့နောက် သူတို့က မနက်ဖြန်ရော လိုအပ်လားလို့ မေးလိုက်သည်။

ကျိုးတုန်က ပြန်စဥ်းစားကြည့်သည်။ သူ့ရှန်းကျီက ထင်းစည်းများကို ရသလောက် အကုန်ယူဦးမယ်လို့ပြောလိုက်သေးတယ်။

ကျိုးတုန်က သူ့လုပ်ဖော်ကိုင်ဖက်နှစ်ယောက်ကို ပြန်ဖြေသည်။ ထိုအဖြေကိုကြားတော့ လုပ်ဖောက်ကိုင်ဖက် နှစ်ယောက်စလုံးရဲ့ မျက်လုံးတွေက တောက်ပလာပြီး မနက်ဖြန်တွင်လည်း ဒီနေ့အချိန်လောက်သွားဖို့ သဘောတူလိုက်ကြသည်။ မနက်ဖြန်ကျရင် ဒီနေ့ထက် များများပိုစုဆောင်းနိုင်ရမည်။

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now