Chapter-184

3K 376 4
                                    

အခန်း (၁၈၄) - အငယ်ဆုံးသားလေးက အလိုလိုက်ခံချင်။

လင်းချင်းဟယ်သည် သူမယောက်ျား၏ ကိုယ်ကိုယ်ကိုယ် တန်ဖိုးထားမှု လျော့နည်းလာကြောင်းကို မသိလိုက်ပေ။

သူ့လက်မောင်းထဲတွင်နေရင်း သူမသည် သူမ၏အင်္ဂလိပ်စာလုံးများကိုသာ ဆက်၍ အလွတ်ရွတ်ပြနေခဲ့သည်။ သူမက အများကြီး ရွတ်ဆိုနေခဲ့ခြင်းတော့ မဟုတ်ဘဲ တစ်ရက်လျှင် အလုံး၂၀သာ ရွတ်ပြခဲ့ခြင်းဖြစ်သည်။

သူမသည် မနက်ခင်းတွင် ကျက်မှတ်ခဲ့ပြီး ယခုတွင် မှတ်ဉာဏ်ထဲ ရိုက်သွင်းနေခြင်း ဖြစ်သည်။

စာပိုဒ်များကိုလည်း မနက်ခင်းတွင် ကျက်မှတ်ခဲ့သည်။ ထို့အပြင် ယင်းတို့မှာ သူမ ယခင်က သင်ယူခဲ့ဖူးပြီး ဖြစ်၏။ သို့သော် ပြန်လည်လေ့ကျင့်ခဲ့ပေသည်။

ကလေးများသည် ခွန်အားပြည့်ဝတက်ကြွကြပေသည်။ တစ်နေ့တာလုံး ကစားပြီးနောက်တွင်ပင် မမောပန်းကြချေ။ သို့သော် လင်းချင်းဟယ်ကတော့ မတူပေ။ သူမသည် နေ့လယ်၁နာရီတွင် အမြဲတမ်း အိပ်ချင်နေလေသည်။

"ရှင် မအိပ်ချင်ဘူးလား" လင်းချင်းဟယ်က အင်္ဂလိပ်ဖတ်စာအုပ်ကို နေရာလွတ်ထဲသို့ သိမ်းလိုက်ပြီးနောက် ကျိုးချင်းပိုင်ကို မေးလိုက်သည်။

ကျိုးချင်းပိုင်က သူမလက်ထဲမှ စာအုပ်ပျောက်ကွယ်သွားသည်ကို မျက်မြင်တွေ့လိုက်ရသည်။ ထိုအံ့ဩဖွယ်ကို သူ တွေ့ရှိခဲ့၏။ သူသည် မနေ့ညက မီးအိမ်အလင်းအောက်တွင့် တွေ့ခဲ့ခြင်း ဖြစ်ပြီး ယခုတွင်မူ နေ့ခင်းတွင် တွေ့ရခြင်း ဖြစ်သည်။

လင်းချင်းဟယ်က မျက်ခုံးပင့်ရင်း သူ့ကို ကြည့်လိုက်သည်။

ကျိုးချင်းပိုင်က ပြောသည်။ "ခဏလောက် အိပ်လိုက်ပါလား"

ထို့ကြောင့် လင်မယားနှစ်ယောက်လုံးသည် ခဏမျှ အိပ်စက်အနားယူချိန်တွင် ကျိုးချင်းပိုင်သည် အပေါ်မှ ဖိချလိုခဲ့သည်။ သို့သော် လင်းချင်းဟယ်က ငြင်းဆိုလိုက်ပြီး၊ "ရှင် ကောင်းကောင်း အနားယူတာ ပိုကောင်းမယ်"

ထိုအမျိုးသားသည် ဘယ်အချိန်ရပ်ရမည်ကို မသိချေ။ သူက အဲလိုနဲ့ သေမှာကို မကြောက်ဖူးလား။

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now