Chapter-127

3.1K 392 0
                                    

Unicode

အခန်း (၁၂၇) - အသားဖြန့်ဖြူးခြင်း

ထိုဂွမ်းစောင်က အလွန်နွေးထွေးပြီး အကြမ်းခံသည်။ လင်းချင်းဟယ်ကလည်း ယင်းကို ချိန်ကြည့်ခဲ့သည်။ တစ်ဂရမ်မှ မလျော့ပေ။

ချည်သားများစွာလည်း ကျန်နေသေးသည်။

"ဖြတ်စတွေ ကျန်နေသေးတယ်၊ နင့်အတွက် စုထားပေးတယ်" အဘွားအိုလေးက သူမ၏ အမူအရာကို အကဲခတ်လျက် ပြောလိုက်သည်။

"ရပါတယ် အရီးရဲ့၊ အရီးအတွက် သိမ်းထားလိုက်" လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။

ပြီးနောက် သူမ၏ လက်ထဲရှိ အသားခြင်းကို သူမအား ပေးလိုက်သည်။

ယခုအခေါက်တွင် သူမက တစ်စိတ်တစ်ပိုင်းကို ရောင်းလိုက်သည်။ ကျန်သည်များကလည်း အရည်အသွေး ကောင်းသည်။ သူတို့ထဲတွင် ဝက်အဆီတုံးပါ ပါပြီး ကျင်းတစ်ဝက်ခန့် ရှိသည်။ ယနေ့ခေတ်တွင် ၎င်းကို နံပါတ်တစ်အသားအဖြစ် သတ်မှတ်နိုင်သည်။

ထို့အပြင် ကျန်သည့်အသားများလည်း ရှိသည်။ နှစ်ပေါင်၊ သုံးပေါင်ခန့် ရှိပေမည်။

လင်းချင်းဟယ် သယ်လာသည့်အသားက ထိပ်တန်းအဆင့်ဆိုတာ မြင်လိုက်ရသောအခါ အမယ်အိုလေးက အပျော်လွန်သွားသည်။ နှစ်ယောက်သားက အရောင်းအဝယ်လုပ်ပြီးနောက် လင်းချင်းဟယ်သည် ဂွမ်းစောင်ယူပြီး တောင်ကြားလေးထဲမှ သူမ၏ စက်ဘီးဖြင့် ထွက်ခွာလိုက်တော့သည်။

လူရှင်းသော တောင်ကြားသို့ ရောက်သည်နှင့် သူမက ချက်ချင်းပဲ စောင်ကို ထည့်လျက် ရွာပြန်ရန် စက်ဘီးစီးလိုက်သည်။

ထိုဂွမ်းစောင်ကြီးကို အိမ်ပြန်သယ်လာသည်။ အမေကျိုးက လန့်သွားရှာလေ၏။ သူမသည် စတုတ္ထလေး၏ ဇနီးက သူမနှင့် အဘိုးကြီးအတွက် ထိုကဲ့သို့ ဂွမ်းစောင်ကြီး လုပ်ပေးလိမ့်မည်ဟု တစ်ခါမှ မတွေးမိပေ။

"ဒါက ... ဝါဂွမ်းကျင်းဘယ်လောက်ကုန်လဲ" အမေကျိုးက ပြောမိသွားသည်။

"ခုနစ်ကျင်း" လင်းချင်းဟယ်က ပြောလိုက်သည်။

"အခုပြန်သယ်သွားရင် ဒုက္ခများမှာ၊ ညရောက်တဲ့အထိစောင့်၊ အမေတို့ဆီပို့ပေးဖို့ ကျိုးပိုင်ကို ပြောလိုက်မယ်"

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now