Chapter-88

4.1K 597 3
                                    

Unicode

အခန်း (၈၈) - ကျိုးချင်းပိုင်ပေးတဲ့ အပြစ်ဒဏ်

ကျိုးချင်းပိုင်သည် လောင်တနှင့် လောင်အာ့တို့နှင့်အတူ အိမ်ပြန်လာချိန်တွင် ညနေ ခြောက်နာရီခွဲနေပြီ ဖြစ်သည်။

ဒီအချိန်က အရမ်းနောက်ကျတယ်လို့ မဆိုနိုင်ပေမယ့် သားအဖတွေ အိမ်ပြန်ရောက်ချိန်မှာ အရသာရှိသည့် ဟင်းလျာတွေက ချက်ပြုတ်ပြင်ဆင်ပြီး အဆင်သင့် ဖြစ်နေခဲ့ပြီ။

ဘန်းမန့်ဖြူတွေကို ခရမ်းချဥ်သီးကြက်ဥမွှေကြော်နှင့် ဝက်သားနှပ်တို့ဖြင့် တည်ခင်းထားပါသည်။ သခွားသီးတစ်လုံးနှင့် မုန်လာဥတစ်လုံးတို့ကို တွဲဖက်ချက်ပြုတ်ထားသည့် စွပ်ပြုတ်တစ်ခွက်နှင့် အလွန်ပြီးပြည့်စုံသော အရသာကို ခံစားနိုင်သည်။

အစားအသောက်တွေက ရိုးရှင်းပေမယ့် စားလို့ ကောင်းနေတုန်းပါပဲ။

တစ်မိသားစု စားသောက်ပြီးနောက် လင်းချင်းဟယ်သည် ပန်းကန်တွေနှင့် မီးဖိုချောင်ထဲမှာ အသုံးပြု ချက်ပြုတ်ထားသည့် အိုးခွက်ပန်းကန်များကို ထုံးစံအတိုင်း မဆေးကြောခဲ့ပေ။ ဒီတာဝန်က လောင်တရဲ့ တာဝန်ပဲ။

လင်းချင်းဟယ်က သူမ လုပ်စရာရှိတာတွေ လုပ်ကိုင်ပြီးသွားပြီမို့ သူမစိတ်ကြိုက် အချိန်ဖြုန်းနိုင်ပြီ။ ဒါကြောင့် သူမဟာ စာတွေကို စတင်လေ့လာ ဖတ်ရှုခဲ့သည်။

ကောလိပ်ဝင်ခွင့် စာမေးပွဲ မတိုင်မီ ခုနစ်နှစ်သာ ကာလ ကျန်ရှိနေသေးသော်လည်း စာလေ့လာသင်ယူဖို့ သူမရဲ့ စိတ်အားထက်သန်မှုအား ထိခိုက်မှု မရှိခဲ့ပေ။ ဘာမှ လုပ်စရာတဲ့အချိန်ဆို စာလေ့လာရမည်။

ကျိုးချင်းပိုင်က ပြောသည်။ "ကိုယ် ပြန်ရောက်တဲ့အချိန်မှ ကိုယ်ပဲ ဝက်ခြံတွေကို သန့်ရှင်းရေး လုပ်ပါ့မယ်ကွာ။"

"ဆောင်းရာသီ ရိတ်သိမ်းချိန်ပြီးသွားတဲ့အခါကျရင် ထုံးစံအတိုင်း ရှင်ပဲ သန့်ရှင်းရေး လုပ်ရလိမ့်မယ်။ အခုလောလောဆယ်တော့ ကျွန်မပဲ ဝက်ခြံ၊ ကြက်ခြံတွေကို သန့်ရှင်းရေး လုပ်လိုက်ပါ့မယ်။" လင်းချင်းဟယ်သည် သူ့ကို မော့မကြည့်ပဲ စာအုပ်ကိုဖတ်ရှုနေရင်း ပြောလိုက်သည်။

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now