Chapter-31

5.2K 689 10
                                    

Unicode

အခန်း(၃၁) - ဝက်အဆီ ချက်ခြင်း
စာရေးသူ - NanFangLiZhi Southern Lychee 南方荔枝
ဘာသာပြန်ဆိုသူ - Snowtowel

နောက်ဆုံးတစ်ခေါက်တုန်းက လိမ္မော်သီးကို ခရိုင်မြို့၏ ထောက်ပံ့ရေးနှင့် ဝယ်လိုအား သမဝါယမ အသင်းအဖွဲ့၌ သူမ တွေ့လိုက်ပြီး ရွာအုပ်စု ထောက်ပံ့ရေးနှင့် ဝယ်လိုအား သမဝါယမအသင်းတွင် လုံးဝရှာမတွေ့ပေ။ ထိုအချိန်တုန်းက နယ်မြေထဲတွင် ပန်းသီး၊ သစ်တော်သီးနှင့် စပျစ်သီးများ ရှိနေသောကြောင့် ထိုအကြောင်းကို သူမ မတွေးတော့ဘဲ မဝယ်တော့ရန် ဆုံးဖြတ်ခဲ့သည်။

အခုတော့ သူမ နောင်တရနေမိသည်။

သူမသည် တစ်ချိန်လုံး အိမ်မှာပဲ ရှိနေသောကြောင့် ဆွယ်တာထိုးခြင်းသည် ပုံမှန်အားဖြင့် မြန်ဆန်သည်။ ည၌ သူတို့သည် ပင်လယ်ရေညှိနှင့် ပုဇွန်အရေခွံယာဂုကို စားကြသည်။ သူမသည် တစ်ခဏကြာအောင် သိုးချည်ထိုးခြင်းကို အချိန်ပိုပေးပြီး လုပ်သဖြင့် လောင်အာ့၏ဆွယ်တာ ထိုးလို့ပြီးသွားသည်။

နောက်တစ်နေ့တွင် သူမသည် လောင်တနှင့် သူ့ညီတွေကို အိမ်မှာပဲ နေစေသည်။ အုတ်ကုတင်ကို အပူပေးထားပြီး သူတို့တွေကိုလည်း ဝဝလင်လင် ကျွေးမွေးထားသည်။ သူတို့တွေက လောင်စန်းကို ကြည့်ထားပေးရုံပဲ။ သူမ မြန်နိုင်သမျှ အမြန်ဆုံး ပြန်လာမည် ဖြစ်သည်။

အိမ်မှာ ကလေးသုံးယောက်ပဲ ရှိနေသောကြောင့် သူမသည် မြန်မြန် လမ်းလျှောက်ခဲ့သည်။ သူမ ရောက်သွားတာနဲ့ အစ်မမိန်က လှမ်းပေးသည်။ သူမကလည်း ဆပ်ပြာတစ်ခဲ ပေးလိုက်သည်။

သူမနယ်မြေထဲတွင် ဆပ်ပြာသေတ္တာ အနည်းငယ် ရှိသည်။ တစ်သေတ္တာမှာ ဆပ်ပြာ ဆယ်ခဲ ပါရှိသည်။ သူမသည် အဝတ်လျှော်ရန်နှင့် ရေချိုးရန် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

တစ်ချက်ကြည့်ရုံဖြင့် ဆပ်ပြာကို ခရိုင်မြို့မှ ဝယ်လာမှန်း အစ်မမိန် သိလိုက်သည်။ မဟုတ်ရင် ဒီလို လှပပြီး မွှေးကြိုင်နေမှာ မဟုတ်ဘူး။

ယေဘုယျအားဖြင့် သူမသည် ဒီလောက်ကောင်းသည့် ပစ္စည်းကို သူမ(လင်းချင်းဟယ်)ထံမှ လက်မခံရဲပေ။ လင်းချင်းဟယ်က သူမကို ပြောသည်။ " အစ်မ... ကျေးဇူးပြုပြီး လက်ခံပေးပါ။ ကျွန်မကို ယဉ်ကျေးမနေပါနဲ့။ ကျွန်မအတွက် အရိုးတွေ ရယူပေးတာနဲ့တင် အစ်မကို ကျွန်မက ကျေးဇူးတင်ရမှာပါ "

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now