Chapter-120

3.9K 435 5
                                    

Unicode

အခန်း (၁၂၀) - ယုန်ဝတုတ်ကြီး

ညနေစောင်း ကျိုးချင်းပိုင် အလုပ်ကနေ အိမ်ပြန်လာသောအခါ သူ့ဇနီးသည်ရဲ့ မျက်ဝန်းတွေဟာ အရမ်းနီရဲနေတာကို မြင်တွေ့လိုက်ရသည်။

သူက ဘာဖြစ်တာလဲလို့ မေးသည့်အခါမှ သူမက ငရုတ်ဆော့စ်ပြုလုပ်နေတာကြောင့် ဖြစ်ကြောင်း သူ သိလိုက်ရသည်။

ဒါက ကျိုးချင်းပိုင်အတွက် ပြုလုပ်ပေးတာ ဖြစ်သည်။ ဒီလူကြီးဟာ ရင်ထဲ အရမ်းထိသွားပြီး ခံစားသွားရသည်။

"ရှင် ဘာဖြစ်လို့ ကျွန်မကို ဒီလိုကြည့်နေရတာလဲ။ ဒါကို နှစ်ရက် သုံးရက်လောက်ပဲ လုပ်ရတာ။ ပြီးတော့ ကျွန်မလည်း ငရုတ်ဆော့စ်ကို ကြိုက်တယ်လေ။" လင်းချင်းဟယ်က မှတ်ချက်ပြုသည်။

ထို့နောက် သူမသည် ကလေးတွေကို လက်ဆေးဖို့ ပြောဆိုကာ ထမင်းပွဲပြင်ခဲ့သည်။

ဆောင်းဦးရိတ်သိမ်းချိန် စတင်နေပြီ ဖြစ်သောကြောင့် လင်းချင်းဟယ်သည် ကျိုးချင်းပိုင်အား အာဟာရဓာတ်ပြည့်ဝအောင် ဂရုတစိုက် ချက်ပြုတ်ကျွေးမွေးခဲ့သည်။

ဒီနေ့ညစာကတော့ သခွားသီးနှင့် ကြက်ဥမွှေကြော် တစ်ပန်းကန်၊ ပဲနှင့် ဝက်သားစင်းကော တစ်ပန်းကန်၊ ဝက်နံရိုးနှင့် ပိန်းဥဟင်းတို့ ဖြစ်ပြီး စွပ်ပြုတ်ကတော့ ပင်လယ်ရေညှိ ပုစွန်ဆိတ်စွပ်ပြုတ်ပဲ ဖြစ်သည်။

အဓိက အစားအစာကတော့ ပြောင်းဖူးပေါက်စီပဲ ဖြစ်သည်။

ထမင်းစားပြီးသောအခါတွင် လင်းချင်းဟယ်သည် သူမ လုပ်လက်စ သူမရဲ့ အိမ်ချက်ငရုတ်ဆော့စ်ကို ဆက်လက်ပြုလုပ်သည်။ ပန်းကန်ခွက်ယောက်တွေနှင့် ထမင်းစားတူတွေကတော့ လောင်တ ဆေးကြောဖို့ ထားခဲ့သည်။

ကျိုးချင်းပိုင်က သူမကို ကူညီလုပ်ကိုင်ပေးဖို့ လုပ်ပေမယ့် လင်းချင်းဟယ်က သူ့ကို အပြင်လွှတ်လိုက်သည်။ "အချိန်စောနေသေးတာကို အခွင့်ကောင်းယူပြီး ရှင် လယ်ငါးလေးနဲ့ ငါးရှဥ့်နည်းနည်းလောက် သွားဖမ်းပါလား။"

လင်းချင်းဟယ်သည် အိမ်က ဝက်ခြံနှင့် ကြက်ခြံတွေကို သန့်ရှင်းရေးလုပ်ပြီး အစာလည်း ကျွေးမွေးခဲ့ပြီးပြီ။

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now