Chapter-198

2.3K 288 0
                                    

အခန်း (၁၉၈) – စာသင်နှစ်သစ်

ဒါပေါ့၊ ဒါက လင်းချင်းဟယ်ရဲ့ ကိုယ်ပိုင်ဘဝ အယူအဆ ဖြစ်သည်။

သူမက ဒါကို အကျယ်ကြီး မ‌ပြောဘူး။ အမေကျိုးသာ ဒီစကားကို ကြားသွားပါက သူမ သေချာပေါက် တမျိုးထင်လိမ့်မည်။

သူမသည် ဖရဲသီးကြီးကို ဝယ်လာခဲ့ပြီး မိသားစုကြား ဝေမျှစားသောက်ခဲ့သည်။ လူတိုင်း တစ်စိတ်စီသာ ရရှိကြပြီး နောက်ထပ် ထပ်မရနိုင်တော့ဘူး။ သို့တိုင် ၎င်းသည် ကောင်းမွန်သော ကျွေးမွေးမှုတစ်ခု ဖြစ်ခဲ့သည်။

တကယ်တော့ ရွာမှာ ဖရဲသီးဝယ်စားနိုင်တဲ့ အိမ်ထောင်စုက နှစ်ခု သုံးခုလောက်ပဲ ရှိသည်။

သို့ရာတွင် လောင်စန်း စားသောက်ပြီးသော ဖရဲသီးအခွံကို စားသောက်နေသည့် ကျိုးရှားကို မြင်သောအခါတွင် လင်းချင်းဟယ်တစ်ယောက် အ‌တော်လေး စိတ်မသက်မသာ ဖြစ်မိသည်။

ဒါကို ဒုတိယမရီးသာမြင်ရင် ဒေါသဖြစ်မှာ သေချာတယ်။

"ရှားရှား၊ ဖရဲသီးခွံကို လွှင့်ပစ်လိုက်" လင်းချင်းဟယ်က သူ့ဆီ လျှောက်သွားပြီး သကြားလုံးနှစ်လုံး ထုတ်ပေးကာ ဖရဲသီးခွံကို လွှင့်ပစ်ဖို့ ပြောလိုက်သည်။

"ကျေးဇူးပါ၊ စတုတ္ထဒေါ်လေး" ကျိုးရှားတစ်ယောက် ဝမ်းသာသွားသည်။ သူက အရသာမရှိသော ဖရဲသီးခွံကို လွှင့်ပစ်ပြီးနောက် နို့သကြားလုံးတွေကို လက်ခံလိုက်သည်။

"အခုတလော နင့်ရဲ့ စာလေ့လာမှုက ဘယ်လိုရှိလဲ။" လင်းချင်းဟယ်က မေးသည်။

"ကျွန်တော် သေသေချာချာ နားထောင်ခဲ့ပါတယ်။" ကျိုးရှားသည် ဤကဲ့သို့သာ ပြန်ဖြေနိုင်ခဲ့သည်။

လောင်အာ့သည် အခု မူလတန်း တတိယနှစ်၏ ဒုတိယနှစ်ဝက်တွင် ပညာသင်ကြားနေတာ ဖြစ်ပြီး ကျိုးရှားသည် မူလတန်း ဒုတိယနှစ်တွင်သာ ရှိနေသေးသည်။ ယခင်က သူ စာမေးပွဲကို အောင်မြင်စွာ ဖြေဆိုနိုင်ရခြင်း အကြောင်းရင်းမှာ လောင်အာ့ရဲ့ စဥ်ဆက်မပြတ် ကူညီပေးမှုကြောင့် ဖြစ်သည်။ မဟုတ်ပါက ကျိုးရှားသည် ထပ်ခါတလဲလဲ အတန်းပြန်တက်ရမှာ သေချာသည်။

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now