Chapter-98

4K 541 6
                                    

Unicode

အခန်း (၉၈) - ဘာဖြစ်လို့ သူမက ကိုယ်ဝန်မရသေးတာလဲ
စာရေးသူ - NanFangLiZhi Southern Lychee 南方荔枝
ဘာသာပြန်ဆိုသူ - Khat
စာစစ်သူ - No Noe (Miracle_Phyu97)

"ဒုတိယအစ်ကို ဒီအချိန်လောက်ဆို အသားက မရနိုင်လောက်ဘူး။" လင်းချင်းဟယ် ပြောတာကိုကြားတော့ ဒုတိယအစ်ကိုဖြစ်သူက သွေးဆောင်ခံခဲ့ရသည်။

ဒီအချိန်​လောက်ဆို အသားမရှိ​တော့ဘူး။ လိုချင်ရင် မနက်စောစောလောက်ဆို ရနိုင်ပါသေးတယ်။

"ကိစ္စမရှိပါဘူး။" လင်းချင်းဟယ်က ဒုတိယအစ်ကိုရဲ့ အသားစားချင်စိတ် အာသီသကို မြင်နိုင်သဖြင့် သူမက ထရပ်ကာ မီးဖိုချောင်ထဲ ဝင်သွားသည် ။ ကျိုးချင်းပိုင် ပြန်ယူလာတဲ့ အသားက အရည်အသွေးကောင်းတဲ့ ဝက်ဗိုက်သားဖြစ်သည်။

ဝက်ဗိုက်သား ၂ ကျင်း၊ ၃ ကျင်းနှစ်ခန့်ရှိသည်။ လင်းချင်းဟယ်က ၁ကျင်းလောက် ဖြတ်လိုက်သည်။ သူမ အနီးစပ်ဆုံး ပြောပြရလျှင် မြို့တော်ရှိ မှောင်ခိုဈေးသို့ မရောက်ခဲ့သည်မှာ ကြာခဲ့ပြီ။

ဒုတိယအစ်ကိုအား ဝက်သား တစ်ကျင်းကို မျှဝေပြီးနောက် တန်ကြေးငွေကို မှောင်ခိုဈေးကွက် ပေါက်ဈေးအတိုင်း လက်ခံခဲ့သည်။ သို့တိုင် ဒုတိယအစ်ကိုသည် ရွှင်လန်းသောစိတ်ဖြင့် ပြန်လာခဲ့သည်။

သူ့မှာ အသားကူပွန်နဲ့ ဖလှယ်ပြီး အသားဝယ်ရင်တောင် ဈေးက မှောင်ခိုဈေးကွက်မှာ အသားဝယ်တာထက် အနည်းငယ် ပိုစျေးကြီးနိုင်တာမို့ မှောင်ခိုဈေးကွက်မှာ အသားကို တိုက်ရိုက်လဲလှယ်တာက တွက်ခြေပိုကိုက်ပါသည်။

ပြီးတော့ မှောင်ခိုဈေးကွက်ကို လူတိုင်း မသွားရဲကြဘူး။

ဒုတိယအစ်ကိုက အသားကို ပြန်သယ်လာတာကို မြင်တော့ ဒုတိယမရီး အံ့ဩသွားသည်။

"လောင်တရဲ့အမေက ဒါကို မျှပေးလိုက်တာ။" ဒုတိယအစ်ကိုက လက်ကျန်ငွေကို ပေးရင်း ပြောလိုက်သည်။

"ဘာလို့ ဒီလောက်စျေးကြီးရတာလဲ" ဒုတိယမရီးက ပိုက်ဆံနည်းနည်းပဲ ကျန်တာကို တွေ့ရတော့ ကြေကွဲသွားသည်။

ဒုတိယအစ်ကိုက အံ့အားသင့်သွားကာ ပြောလိုက်သည်။ "ဘာကိုလဲ၊ အစကတည်းက ဒီပိုက်ဆံက အသားတစ်ကျင်းအတွက်ပဲ လုံလောက်တာလေ။ အခု ငါတို့မှာ ပိုက်ဆံအပိုတောင် ကျန်သေးတယ်။"

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now