Chapter-7

5.7K 743 5
                                    

Unicode

အခန်း(၇) - အဖြူရောင်ဘန်းမုန့်ကြီးလား
စာရေးသူ: NanFangLiZhi Southern Lychee 南方荔枝
ဘာသာပြန်ဆိုသူ: No Noe (Miracle_Phyu97)

ကျိုးလောင်တသည် သူ့စိတ်ထဲမထားပဲ သူ့နှုတ်ခမ်းက ထော်သွားခဲ့သည်။

“ငါ့ကိုစောင့်‌ေနဦး” ကျိုးလောင်စန်း လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာနိုင်စေရန် မြေပေါ်သို့ချပေးလိုက်ပြီး သူမ ဝယ်ယူလာသော အထုပ်ကြီးကို ညီးညူပြောဆိုရင်း အခန်းထဲသို့သယ်သွားလိုက်သည်။

ကလေးတွေရဲ့အခန်းဘေးမှာ သူမကိုယ်ပိုင်အခန်းရှိသည်။ အပြင်ဖက်မှာ မီးဖိုချောင်ရှိသည်။

“မေမေက အရသာရှိတဲ့ အစားအသောက်တွေ တကယ်ပဲ ပြန်သယ်လာတာလား။” အနီးအနားကအခန်းထဲတွင် ကျိုးလောင်တက ကျိုးလောင်အာ့အား မေးလိုက်သည်။

ကျိုးလောင်အာ့သည် နှုတ်ခမ်းစူလိုက်သည်။ သူ့အမေ ပြန်လာတုန်းကတော့ သူလေးက အဲ့လိုပဲ တွေးမိခဲ့သည်။ သူ့အစ်ကိုကြီး သတိပေးတာခံရပြီးနောက် သူ့မှာ ထို့အတွက် မျှော်လင့်ချက် မရှိတော့ပေ။ သုံးနှစ်သားအရွယ်ပင် ရှိသေးသော်လည်း ဥာဏ်ရည်ထက်မြက်နေပြီဖြစ်သည်။

ဒါ့အပြင် အမျိုးသားဇာတ်လိုက်ကို သတ်ဖြတ်ဖို့ ကျိုးလောင်အာ့ရဲ့အစီအစဥ်အတိုင်း ကျိုးလောင်စန်းက လိုက်နာခဲ့ပြီး အရာအားလုံးကို ပျက်စီးစေမှာမဟုတ်ခဲ့ရင် အမျိုးသားဇာတ်လိုက်နဲ့တိုက်ခိုက်တဲ့အခါ အနိုင်ရရှိဖို့ ဖြစ်နိုင်လေသည်။

“ဒီလိုလုပ်ကြရအောင် ငါ မင်းကိုရိုက်ကြည့်မယ်လေ။” ကျိုးလောင်တသည် သူ့ညီ၏အပြောကို နားမလည်သော်လည်း သူ့ကိုလျှော့တွက်ပြီး အထင်မြင်သေးသလို ကြည့်နေတယ်လို့ ခံစားနေရဆဲဖြစ်သည်။

“မင်း ဘယ်သူ့ကိုရိုက်မယ်ပြောနေတာလဲ။” လင်းချင်းဟယ်သည် တံခါးဖွင့်ပြီး မေးလိုက်သည်။

ပြီးတော့ သူမလက်ထဲမှာ နွေးထွေးနေဆဲဖြစ်သည့် ဘန်းမုန့်တစ်လုံးကို ကိုင်ထားပြီး ထိုဘန်းမုန့်ရဲ့မွှေးရနံ့က ကျိုးလောင်တနဲ့ ကျိုးလောင်အာ့တို့ရဲ့ ဗိုက်တွေကို အော်မြည်သံ ထွက်ပေါ်လာစေပြီး “အဖြူရောင်ဘန်းမုန့်ကြီးလား။”

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now