Chapter-112

3.3K 454 1
                                    

Unicode

အခန်း (၁၁၂) - မိသားစု ပြဿနာ

"ကောင်းပြီ" အမေကျိုးက အပြုံးလေးဖြင့် သဘောတူလိုက်သည်။

ရှောင်မိန်နဲ့ သူမရဲ့ စတုတ္ထယောင်းမတို့ ရင်းနှီးကြတာ အံ့သြစရာ မဟုတ်ပေ။ သူမက ရှောင်မိန်အပေါ် အတော်ကောင်းတယ်။

မဟုတ်ရင် စတုတ္ထရဲ့ဇနီးသည်ရဲ့ ပင်ကိုယ်စရိုက်အရ ကလေးကို ကူညီကြည့်ရှုပေးဖို့ နေနေသာသာ သာကြောင်းမာကြောင်းတောင် မေးမြန်းနေမှာတောင် မဟုတ်ဘူး။

အမေကျိုးသည် သိပ်ကြာကြာ မနေတော့ပဲ ပြန်သွားခဲ့သည်။

"အမေ၊ သားကို ဘယ်တော့လောက် ဘောလုံး ဝယ်ပေးမှာလဲ။" လောင်တက ကိတ်မုန့်စားရင်း မေးလိုက်သည်။

"သိပ်မကြာခင်ပေါ့။" လင်းချင်းဟယ်က ပြန်ဖြေသည်။

သူမ ဝက်သားများများ စုဆောင်းပြီးတဲ့အခါကျရင် မြို့ပေါ်တက်ပြီး ဝက်သားတွေကို ရောင်းချမှာ ဖြစ်သည်။

ကျိုးချင်းပိုင်က တိတ်ဆိတ်နေသည်။ ကျိုးချင်းပိုင်က သူ့အိမ်မှုကိစ္စ ပြဿနာများကို ဘယ်တော့အခါမှ မမေးမြန်းပဲ သူ့ဇနီးသည် လက်ထဲသာ ဝကွက်အပ်ထားသည်။ သူ့အိမ်မှာ သူ့ဇနီးသည်က အခရာပဲ။ သူတောင်မှ သူ့ဇနီးသည် ပြောစကား နာခံရမည်။

နေ့ရက်တွေက တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးသွားသည်။ နေ့တွေကုန်ဆုံးတာ တကယ်မြန်တယ်။

သိပ်မကြာခင်မှာ မတ်လကုန်ပြီး ဧပြီလထဲသို့ ချဥ်းနင်းဝင်ရောက်သွားခဲ့ပြီ။

နှစ်ကုန်ဆုံးသောအခါ သူတို့သည် ဆောင်းခိုသည့် အနားယူနိုင်ချိန်မှလွဲ၍ ကျန်အချိန်များတွင် အလွန်အလုပ်များသည်။

ကျိုးချင်းပိုင်သည် အလွန်အလုပ်များပြီး မအားမလပ်ဖြစ်နေခဲ့သော်လည်း ရံဖန်ရံခါအချိန်များတွင် သူသည် လယ်ငါးလေးတွေနှင့် ငါးရှဥ့်တွေကို ဖမ်းပြီး အိမ်ပြန်သယ်လာလေ့ရှိသည်။ လင်းချင်းဟယ်သည် သူ့အတွက် ငါးရှဥ့်ဟင်းလျာများကို ချက်ပြုတ်ပြင်ဆင်ပေးခဲ့သည်။

တို့ဟူးနဲ့ ရောချက်ထားသည့် လယ်ငါးကလေးဟင်း၊ ငါးရှဥ့်ဟင်းလျာနှင့် ကျန်အမယ်များဟာ အရမ်းအရသာရှိပြီး အာဟာရပြည့်ဝပါသည်။

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now