Chapter-54

4.8K 699 5
                                    

Unicode

အခန်း(၅၄) - စပါးခိုးခြင်း
စာရေးသူ - NanFangLiZhi Southern Lychee 南方荔枝
ဘာသာပြန်ဆိုသူ - Snowtowel

ညနေပိုင်းတွင် လင်းချင်းဟယ်သည် ညီအစ်ကိုသုံးယောက်ကို အိပ်ခွင့်မပေးခင် လောင်တအား သူ၏စာရေးလေ့ကျင့်ခြင်း နှင့် သင်္ချာစသည့်တို့နှင့် ပတ်သက်၍ ကြီးကြပ်ပေးခဲ့သည်။

ကျိုးချင်းပိုင်သည် အိပ်ပျော်နေသော ညီအစ်ကိုသုံးယောက်အား အနွေးကုတင်၏ အစွန်းဘက်တွင် တစ်တန်းတည်း နေရာချရွေ့ပြောင်းကာ သူတို့နှစ်ဦးအတွက် နေရာလွတ်ဖြစ်အောင် လုပ်လိုက်သည်။

လင်းချင်းဟယ်၏ နှလုံးခုန်သံက မြန်ဆန်လာပြီး အပြင်ဘက် ခုန်ထွက်လာမလို ခံစားလိုက်ရသည်။ ထို့နောက် သူမ၏ ရာသီလာချိန်ကို သတိရသွားပြီး စိတ်တည်ငြိမ်သွားသည်။

ကျိုးချင်းပိုင်က ညင်ညင်သာသာ ပြောလိုက်သည်။ " အိပ်ချိန်ရောက်ပြီ "

လင်းချင်းဟယ်က ခေါင်းညိတ်ပြီး " အိပ်ကြစို့ "

အိပ်စက်ခြင်း အနေနှင့် ကျိုးချင်းပိုင်သည် ဒီနေ့ သိုးသား စားထားသည်။ ဒါကြောင့် အဲဒီအတိုင်းပဲ သူက ဂနာမငြိမ်ဖြစ်နေသည်။ လင်းချင်းဟယ်က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ " ကျွန်မ ရာသီလာနေတယ်။ ငြိမ်ငြိမ်နေပြီး ကောင်းကောင်းမွန်မွန် အိပ်တော့ "

ကျိုးချင်းပိုင်သည် ထိုစကားကို ကြားသောအခါ စိတ်ပျက်သွားသည်။

လင်းချင်းဟယ်သည် သက်တောင့်သက်သာဖြင့် အိပ်ပျော်ခဲ့သည်။ အပူပေးထားသော အနွေးကုတင်ကို နေဝင်ဆည်းဆာအချိန်ကတည်းက အပူပေးထားခြင်းကြောင့် သူတို့တွေ တစ်ညလုံး နွေးနွေးထွေးထွေး အိပ်နိုင်သည်။ နောက်ဆုံးတော့ သူမရဲ့ ခုနစ်ကျင်း လေးသော စောင်ကို ဘာအတွက်မှ မဖုံးလွှမ်းထားတော့ဘူး။

ပြီးတော့ အပေါ်မှာ လေးကျင်း လေးသော စောင်ကိုလည်း ထပ်ထားသည်။

" အိပ်တော့ " ကျိုးချင်းပိုင်သည် စိတ်ပျက်သွားသော်လည်း အနည်းဆုံးတော့ သူ့ဇနီးကို ပွေ့ဖက်ပြီး အိပ်နိုင်သေးသည်။

လင်းချင်းဟယ်ကို သူ့ရင်ခွင်ထဲတွင် ပွေ့ဖက်ထားသည်။ သူမ၏ နှလုံးခုန်နှုန်းက အရမ်းမြန်ဆန်လွန်းနေသည်ကို ခံစားမိပြီး တိုးတိုးပြောလိုက်သည်။ " ကျွန်မကို ရှင် အဲလို ဖက်ထားရင် ကျွန်မ အိပ်လို့မရဘူး "

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now