Chapter-192

2.2K 283 0
                                    

အခန်း (၁၉၂) - မိုးရွာခြင်း

"နင် ပညာသင်ဆုအကြောင်း မေ့ထားလို့ ရတယ်။ နင် ဆုရရင် ဘောပင်တစ်ချောင်း ကြွေရည်သုတ်ခွက် တစ်ခွက်အပြင် ဘာမှ ပိုမရဘူး။" လင်းချင်းဟယ်က ပြောသည်။

ပညာရေးကို အလေးထားသည့် လက္ခဏာတွေ ရှိနေပြီ ဆိုပေမယ့် အရမ်းအလေးထားတဲ့ အဆင့်တော့ မရောက်သေးပေ။

ပညာသင်ဆုရယ်တော့ မရှိသေးပါဘူး။

လင်းချင်းဟယ်သည် လောင်တရဲ့ ကြွက်တက်ခြင်းအတွက် သူမ ပါးစပ်ဖွာပြီး ပြောတာ မဟုတ်ပေ။ သူမသည် နွားနို့အမှာကို တိုးလိုက်သည်။

နွားနို့အပြင် သူမသည် လောင်တ နေ့တိုင်း ကျောင်းတက်တဲ့အခါ ဗိုက်ဆာရင် စားဖို့ ကြက်ဥ သို့မဟုတ် အခြားတစ်ခုခုကို ထည့်ပေးသည်။

ဒီနည်းလမ်းကို တစ်လခွဲနီးပါး ကျင့်သုံးပြီးနောက် ဒီကလေးက သူ ညဖက်တွေမှာ ခြေထောက် ကြွက်မတက်တော့ဘူးလို့ ဆိုလာသည်။

အဖေကျိုးက အရမ်းကောင်းတယ်လို့ တွေးခဲ့သည်။

အမေကျိုးလည်း အတွေးများနေခဲ့သည်။ စတုတ္ထရဲ့ ဇနီးက ငွေကို အမှန်တကယ် သုံးစွဲတတ်တာပဲ။

ဖခင်ဖြစ်သူ ကျိုးချင်းပိုင်သည်လည်း ဒီအတွေ့အကြုံကို ခံစားခဲ့ဖူးသည်။ သူ လူပျိုဖော်ဝင်စအချိန်၌ ဒီလိုဖြစ်ရပ်မျိုး ကြုံတွေ့ခဲ့ရသည်။

ဒါပေမယ့် အဲ့ဒီတုန်းက အခြေအနေတွေက အရမ်းဆိုးသည်။ သူ့ဗိုက်ကို ပြည့်အောင် စားနိုင်တာကပင် လုံလောက်နေပြီ ဖြစ်သည်။ နွားနို့သောက်တာတို့ ကြက်ဥစားတာတို့ကတော့ သူသည် သူ့မိဘတွေရဲ့ မျက်နှာသာအပေးခံရဆုံး ကလေး ဖြစ်နေရင်တောင် ဒီအကြောင်းကို စဥ်းစားစရာတောင် မလိုအပ်ဘူး။

"အဲ့ဒီတုန်းက ရှင် ဒီလောက် အရပ်ရှည်ဖို့ ခက်ခဲခဲ့တယ်လား။" လင်းချင်းဟယ်က ကျိုးချင်းပိုင်နဲ့ ဒီအကြောင်းကို အားလပ်ချိန်၌ မေးမြန်းခဲ့သည်။

"ကိုယ် စစ်တပ်ထဲ မဝင်ခင် အိမ်မှာ အကြာကြီး မနေခဲ့ဘူး။" ကျိုးချင်းပိုင်က ပြောသည်။

ပြောရရင် သူက စစ်တပ်ထဲ ဝင်ပြီးနောက် အမှန်တကယ် စတင်ကြီးထွားလာတာ ဖြစ်သည်။

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now