Chapter-169

2.5K 331 0
                                    

အခန်း (၁၆၉) - ရပ်ရွာ၏ အလယ်တန်းပြ ဆရာမ

"ရှင်က အလုပ်သမတွေအပေါ် မြေရှင်ပဒေသရာဇ်ဆိုင်ရာ ခွဲခြားဆက်ဆံခြင်းနဲ့ တိုက်ခိုက်ချင်နေတာလား။ ကောင်းကင်တစ်ခြမ်းကို အမျိုးသမီးတွေလည်း ထောက်ပံ့ပေးနေတယ်ဆိုတဲ့ ခေါင်းဆောင်ရဲ့ ဟောပြောချက်ကို သဘောမတူတာတော့ မဟုတ်ပါဘူးနော်။"

လင်းချင်းဟယ်သည် လုံးဝတုံ့ဆိုင်းခြင်း မရှိဘဲ ထိုပညာတတ်လူငယ်ကို ချက်ချင်း မျက်လုံးစွေကာ ကြည့်လိုက်သည်။

ဒေါသထွက်နေသော ပညာတတ်လူငယ်လေးသည် ခေါင်းပေါ်သို့ ရေအေးများလောင်းချခံရသလို ခံစားလိုက်ရပြီး "မဟုတ်ဘူး... အလုပ်သမတွေကို ခွဲခြားဆက်ဆံတာ မဟုတ်ဘူး။ ခေါင်းဆောင်ရဲ့ ဟောပြောချက်ကိုလည်း လေးစားတယ်။ ဒါပေမယ့် မင်းကို အလုပ်လုပ်နေတဲ့အမျိုးသမီးလို့ ယူဆလို့ ရလို့လား။ မင်း လယ်ထဲ အလုပ်ဆင်းဖူးလို့လား။"

နောက်ဆုံးတွင် သူသည် လင်းချင်းဟယ်ကို သရော်သောအကြည့်ဖြင့် စေ့စေ့ကြည့်လိုက်သည်။

"နင်ရဲ့အသိတရားက တကယ်ကို ဘာနဲ့မှ မတူညီဘူး။ ငါ လယ်ထဲကို မသွားတာနဲ့ ငါက အလုပ်လုပ်နေတဲ့သူ မဟုတ်တော့ဘူးလား။ နင်ရဲ့စိတ်နဲ့ အသိတရားက အဲလောက်ထိပဲ အကန့်အသတ်ရှိနေတယ်။ အိမ်အတွင်းနဲ့ အပြင်က အရာအားလုံးကို ငါက ဂရုစိုက်ပြီး အသင်းအဖွဲ့ရဲ့ အထွက်နှုန်းတိုးဖို့ စိုးရိမ်စရာမလိုအောင် ငါ့ယောကျ်ားကို လယ်ထဲ အလုပ်ဆင်းစေတယ်။ ဘယ်လိုလုပ် ငါက အလုပ်မလုပ်တဲ့သူ ဖြစ်ရမှာလဲ။"

"ငါ့မိသားစုက အသင်းအဖွဲ့အတွက် ဝက်နှစ်ကောင် မွေးထားတယ်။ ငါတို့ရွာထဲ သွားပြီး မေးကြည့်လိုက်စမ်းပါ... ဘယ်သူရဲ့ဝက်ကများ ငါတို့ဝက်လောက် ဝဖြိုးနေလို့လဲ။ ငါက အလုပ်လုပ်တဲ့သူ မဟုတ်ဘူးလား။"

"ငါ့မှာ သားသုံးယောက် ရှိတယ်။ အခု သူတို့အားလုံး ကျန်းမာသန်စွမ်းပြီး အနာဂါတ်မှာ တိုင်းပြည်အတွက် အကျိုးပြုလိမ့်မယ်။ ငါက အားလပ်ချိန်တွေမှာ ကြိုးကြိုးစားစား လေ့လာပြီး တိုးတက်အောင် လုပ်ခဲ့တာ။ ငါက အလုပ်လုပ်နေတဲ့ အမျိုးသမီး မဟုတ်သေးဘူးလား။"

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now