Chapter-126

3.3K 447 1
                                    

Unicode

အခန်း (၁၂၆) လျှို့ဝှက်ချက်များသော ဇနီးသည်

ကျိုးချင်းပိုင်အတွက် ဆွယ်တာအင်္ကျီကို အရင်ဆုံး လုပ်ရပေမည်။ လူပါး၀သော ကလေးသုံးယောက်အတွက်မူ သူမ အချိန်ယူရမည်။

လောင်တကလည်း အဖေက သူမ၏ ရင်ထဲတွင် အရေးကြီးဆုံးနေရာကို ယူထားကြောင်း ဆက်တိုက်ပြောနေသည်။ လင်းချင်းဟယ်က ပွင့်ပွင့်လင်းလင်း ထောက်ခံခဲ့ပြီး သူတို့ သုံးယောက် ပေါင်းလျှင်တောင် အမေ့ရင်ထဲရှိ အဖေ့နေရာကို မယှဉ်နိုင်သေးကြောင်း ဖော်ပြခဲ့သည်။

လောင်တက သူ မည်မျှ ကြေကွဲရကြောင်း ပြောနေလေသည်။ လောင်အာ့ကလည်း သူ့အတိုင်း လိုက်ပြုမူသည်။ လောင်စန်းက သူ့အဖေ ပြန်လာချိန်တွင် တီးတိုးပြောပြီး သူ၏ အမေကို တစ်ယောက်တည်း မောင်ပိုင်မစီးထားသင့်‌‌ေကြာင်း ‌ေပြာ‌ေတာ့သည်။

ကျိုးချင်းပိုင်က အဖြစ်အပျက်ကို သိသွားပြီး သူ့နှုတ်ခမ်းထောင့်က ပြန်ကျမလာတော့ပေ။

လင်းချင်းဟယ်က ထိုလူကို ထပ်ဖမ်းခဲ့မိမှန်း မသိလိုက်ပေ။ သူမက ထိုးလတ်စ ဆွယ်တာတစ်ထည်နှင့် ကျိုးချင်းပိုင်ဆီ သွားကာ ယှဉ်ကြည့်လိုက်သည်။ သားအဖနှစ်ယောက်ကို ကြည့်ပြီး "နှစ်ယောက်သား ဘာတွေ တွတ်ထိုးနေတာလဲ"

"ဘာမှဟုတ်ဘူး" လောင်စန်းက ပြောလိုက်သည်။

"မင်းအဖေကို အလုပ်သွားခွင့်ပေးလိုက်တော့၊ မဆွဲထားနဲ့" လင်းချင်းဟယ်က သူ့ကို ဟန့်တားလိုက်သည်။

ယခုအချိန်တွင် ရိတ်သိမ်းစရာ မရှိတော့ပေ။ နေ့စဉ်အလုပ်က ပင်ပန်းနေသေးဆဲ ဖြစ်သော်ငြား စပါးရိတ်သကဲ့သို့ အာရုဏ်တက်ချိန်တည်းက ဖုန်တသောသော အလုပ်လုပ်စရာ မလိုပေ။ ထို့ကြောင့် လင်းချင်းဟယ်သည် နှလုံးသားမဲ့လျက် ကျိုးချင်းပိုင်ဆီ ဝက်ခြံနှင့် ကြက်ခြံကို ပြန်အပ်လိုက်တော့သည်။

အမေကျိုးနှင့် အဖေကျိုးက ညစာစားချိန်ရောက်ခါနီးတွင် ရောက်လာတော့သည်။ သို့သော် ယနေ့တွင် လင်းချင်းဟယ်က သိုးမွေးထိုးပြီး သူမသားသုံးယောက်နှင့် ကြွားလုံးထုတ်နေသောကြောင့် ညစာ အနည်းငယ် နောက်ကျသွားသည်။

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now