Chapter-46

5K 694 24
                                    

Unicode

အခန်း(၄၆) - စာသင်ခြင်းက အသုံးမဝင်ဘူး
စာရေးသူ - NanFangLiZhi Southern Lychee 南方荔枝
ဘာသာပြန်ဆိုသူ - No Noe (Miracle_Phyu97)

ကျေနပ်ဖွယ်ကောင်းသော ရေပတ်တိုက်မှုအပြီးတွင် လင်းချင်းဟယ်သည် ပိုမိုသက်တောင့်သက်သာ ဖြစ်လာသလို ခံစားရလေသည်။ သူမဆံပင်ကိုလည်း ညစာမစားခင်လောက်မှာ လျှော်လိုက်မယ်။ ပြီးမှ သူမ ညစာ ချက်ရမယ်။
  
ကျိုးချင်းပိုင်းသည် အခန်းတံခါးကို ခေါက်ပြီး ရေသွန်ပေးဖို့ ဝင်လာခဲ့တယ်။  သူ့ကိုယ်သူ ခေါင်းစခြေဆုံး တစ်ကိုယ်လုံး ဆေးကြောသန့်စင်လိုက်တော့ လန်းဆန်းသွားတယ်။

သူက ရေသွန်ပြီးတာနဲ့ အထဲကို ပြန်ဝင်လာသည်။ လင်းချင်းဟယ်က သူ့ကိုကြည့်ရင်း ဆိုလိုက်သည်။ “အကယ်၍ ရှင် အဆင်ပြေတယ်ဆိုရင် မနက်ဖြန်ကျ ခရိုင်မြို့ပေါ် သွားကြရ‌အောင်။”

“မင်း ဘာဝယ်စရာရှိလို့လဲ။” ကျိုးချင်းပိုင်က ခေါင်းညိတ်ပြရင်း မေးလိုက်သည်။

“ဘာမှ ထွေထွေထူးထူး ဝယ်စရာ မရှိပါဘူး။ စွန်ပလွံသီးတွေလို သရေစာတွေ ရှိ မရှိ သွားကြည့်ချင်ရုံပါပဲ။ ရှင့်အတွက် အဝတ်အထည်တချို့ ဝယ်သင့်တယ်။ ရှင့်အတွက် နောက်ထပ်နှစ်စုံလောက် ချုပ်ပေးဖို့ အကြီးဆုံးမရီးဆီကို အပ်လိုက်မယ်။” လင်းချင်းဟယ်က ပြန်ဖြေသည်။

“မင်း ချုပ်ပေး” ကျိုးချင်းပိုင်က သူမကို စိုက်ကြည့်ရင်း‌ပြောသည်။

“ကျွန်မ ဘယ်လိုချုပ်ရမှန်း မသိဘူး။ အိမ်က ကလေးတွေရဲ့ အဝတ်အစားတွေကိုလည်း အကြီးဆုံးမရီး၊ တတိယမရှးနဲ့ ကျိုးရှီတို့ပဲ ချုပ်ပေးခဲ့တာ။” လင်းချင်းဟယ် ဖြေသည်။

“ကိုယ် မင်းကို သင်ပေးမယ်။” ကျိုးချင်းပိုင်က မလျှော့တမ်း ထပ်ပြောသည်။

“ရှင်က အဝတ်အစားတွေ ဘယ်လိုချုပ်ရမလဲဆိုတာကို သိတယ်လား။” လင်းချင်းဟယ်က ထိတ်လန့်တကြား ပြောလိုက်သည်။

ကျိုးချင်းပိုင်က ခေါင်းခါလိုက်သည်။ “မသိဘူး”

လင်းချင်းဟယ်က မကျေမနပ် ပြန်ပြောသည်။ “ရှင်က မသိပဲနဲ့ ကျွန်မကို ဘယ်လိုပြန်သင်ပေးမှာလဲ။”

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now