Chapter-43

5.1K 688 12
                                    

Unicode

အခန်း(၄၃) -ဘာမှလုပ်စရာမရှိရင် သူမအနားကပ်မယ်။
စာရေးသူ - NanFangLiZhi Southern Lychee 南方荔枝
ဘာသာပြန်ဆိုသူ - Snowtowel

" ကျွန်မ စတုတ္ထခယ်မကို ပြောပြီးပြီ။ စတုတ္ထခယ်မက သူမ နားလည်ကြောင်းနဲ့ နောက်ထပ်မလုပ်တော့ဘူးလို့ ပြောတယ် " အကြီးဆုံးမရီးက ပြောသည်။

သေချာတာပေါ့ လင်းချင်းဟယ်က သူမကို ဝတ်ကျေတမ်းကျေအဖြေသာ ပြန်ပေးခဲ့တယ်လို့ သူမ ခံစားရမှန်း အကြီးဆုံးမရီးက ပြောပြမှာမဟုတ်ဘူး။ မရီးတစ်ယောက် အနေဖြင့် သူမက သူမ(လင်းချင်းဟယ်)ကို မိသားစုအား မည်သို့ စီမံခန့်ခွဲရမယ်ဆိုတဲ့အကြောင်း အမှန်တကယ်တော့ သင်ပြပေးလို့ မရနိုင်ဘူး။ သူမ ပြောပြဖို့ လိုအပ်တာပဲ ပြောပြီး သူမ၏ စည်းရုံးဖျောင်းဖျမှုဖြင့် ဘောင်ကျော်လို့ မရနိုင်ဘူး။

အမေကျိုး ထွက်သွားသောအခါ အကြီးဆုံးမရီးသည် တတိယမရီးထံသို့ ရောက်လာပြီး ပန်းသီးများစားရန် ဝယ်မယ့်အကြောင်းကို ဆွေးနွေးတိုင်ပင်ကြသည်။ သူတို့တွေ အတူတကွ အုပ်စုဖွဲ့ ဝယ်သင့်လား။

တတိယမရီးသည် လင်းချင်းဟယ်၏ ကိုယ်ပိုင် အတွေ့အကြုံနှင့် ညီအစ်ကိုတွေ ဘယ်လို ချစ်စရာကောင်းကြောင်း ပြန်တွေးမိလိုက်တာနှင့်တစ်ပြိုင်နက် နောက်တစ်ခေါက် ထပ်မစဉ်းစားတော့ဘဲ ချက်ချင်း သဘောတူလိုက်သည်။

ဒါကြောင့် သူတို့နှစ်ယောက်သည် တစ်ယောက် ငါးပြားစီ ထုတ်လိုက်သည်။ ငွေကို စုစည်းပြီးသောအခါ သူတို့သည် အစ်ကိုအကြီးဆုံးအား ပန်းသီးတစ်အိတ် ဝယ်ပေးရန် ပြောကြသည်။ နှစ်ယောက်သား ညီတူညီမျှ ခွဲဝေကြမည်။

အမေကျိုးသည် ထိုအကြောင်းကို သိသွားတာနဲ့ သူမသည် ငြီးတွားလိုက်သည်။ သူတို့တွေက ဘာလို့ ဒါကို ဝယ်လာကြတာလဲ။ စားဖို့ မလောက်ငှကြတာလည်း မဟုတ်ဘူးလေ။

အစ်ကိုကျိုးက အများကြီး မတွေးဘူး။ သူက ပြုံးရင်း ပြောသည်။ " ပန်းသီးစားတာက ဗိုက်ထဲက ကလေးအတွက် ကောင်းတယ်လို့ စတုတ္ထခယ်မဆီက သူတို့ ကြားခဲ့တယ်။ ကောင်လေးတွေကို ကိုယ်ဝန်ဆောင်ထားတုန်းက ပန်းသီးကို မကြာခဏ စားလေ့ရှိတယ်တဲ့။ အခု သူတို့တွေ မယုံနိုင်လောက်အောင် ကြီးထွားလာကြတာ ဟုတ်တယ်မလား "

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now