Chapter-91

4K 563 3
                                    

Unicode

အခန်း (၉၁) - အိမ်ထောင်စုခွဲခြင်းဟာ အကြံကောင်းဖြစ်သည်

"မန်ထိုကြော်ကို စားချင်တာ၊ သူတို့က တကယ်စားကောင်းမှာပဲ။"

ကလေးတွေက ပျော်ရွှင်စွာဖြင့် ဟိုဟိုဒီဒီ စကားတွေ ပြောဆိုနေကြတာကို လူကြီးတွေက ကြားနေရသည်။ ဒုတိယမရီးက မနေနိုင်ပဲ ဝေဝေဝါးဝါး တီးတိုးရေရွတ်သည်။

အမေကျိုးသည် သူ့ချွေးမရဲ့ မကျေမနပ်ဖြစ်နေတာကို အရေးအရာမလုပ်ဖို့ ဆုံးဖြတ်လိုက်သည်။ အိမ်ထောင်စု ခွဲပြီးတာနဲ့ သူမ ဘာကိုမှ ထိန်းချုပ်ဖို့ အစီအစဥ် မရှိတော့ဘူး။

အကြီးဆုံးမရီးသည် သူတို့အိမ်ထောင်စု ခွဲပြီးတာနဲ့ တစ်ရက်လောက် သူ့ကလေးတွေအတွက် ဘယ်လို အရသာရှိတာတွေ လုပ်ပေးရင် ကောင်းမလဲလို့ စဥ်းစားနေခဲ့သည်။

အိမ်၌ လင်းချင်းဟယ်သည် ကျိုးအိမ်တော်ဟောင်းမှာ တတိယမရီးက အိမ်စောင့်ကျန်နေခဲ့တာကို သိသည်။ တတိယမရီးသည် အိမ်မှာ လုပ်စရာရှိတာတွေ လုပ်ပြီးတာနဲ့ လင်းချင်းဟယ်တို့အိမ်ဖက်သို့ ကူးလာခဲ့သည်။

ဝူနီက နုန်းချိနေပြီး သိပ်မသက်သာသေးပေမယ့် သူမရဲ့ အခြေအနေက အရင်ညကထက်စာရင် ပိုကောင်းလာပါပြီ။

အရာအားလုံး အဆင်ပြေကြောင်း သေချာပြီးနောက် သူမသည် တတိယမရီးနှင့် စကားစမြည်ပြောဆိုခဲ့ပြီး လောင်စန်းလေးသည် တတိယမရီး အိမ်ဖက်သို့ ပြန်သွားသောအခါ နောက်မှ လိုက်ပါသွားခဲ့သည်။ လောင်စန်းလေးသည် ကျိုးတုန်တုန်၊ အကြီးဆုံးမရီးရဲ့ သားအငယ်ဆုံးလေး ထုသို့တို့နှင့် ကစားချင်နေသည်။ သူလေးက နာမည်ရင်း မရှိသေးပါဘူး၊ အခုလောလောဆယ် သူ့ရဲ့ အိမ်နာမည်ကတော့ ထုသို့ပင် ဖြစ်သည်။

လောင်တနှင့် လောင်အာ့တို့ဟာ မကြွားဝါတော့ပေ။ သူတို့ ညီအစ်ကိုတွေက နေ့လည်စာအတွက် ဘာဟင်းလဲလို့ မေးတဲ့အခါက လင်းချင်းဟယ်က မန်ထိုကြော် စားရမယ်လို့ ကတိပေးခဲ့သည်။

လင်းချင်းဟယ်သည် မန်ထိုကို အပိုင်းလေးတွေ လှီးဖြတ်ကာ ကြော်လိုက်ပြီး ဆားနှင့် နှမ်း‌စေ့များဖြင့် ရောစပ်ထား‌သော ကြက်ဥအနှစ်ရည်ကို လောင်းထည့်ကာ နှစ်ဖက်စလုံးကို အညိုရောင် သမ်းလာသည့်အထိ ကြော်လိုက်သည်။ အရသာကတော့ အံ့မခန်းပါပဲ။

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now