Chapter-149

2.9K 395 2
                                    

Unicode

အခန်း (၁၄၉) - ပညာရေး

သူ့အမေကို ပြောနေတာ အကျိုးမထူးမှန်း သိသောကြောင့် စန်းနီသည် ဒုတိယအစ်ကို ပြန်လာချိန်တွင် သူမ မောင်လေး ကျောင်းတက်မည့်ကိစ္စကို သူမ အဖေဆီ ပြောလိုက်သည်။

"လောင်အာ့က ကျောင်းတက်မှာ၊ ဒါပေမဲ့ သမီးမောင်လေးက ကျောင်းမတက်ရဘူး" စန်းနီက ပြောသည်။

အကြီးဆုံးမရီး၏ သမီးသုံးယောက်လုံးက စာလေ့လာနေပြီဖြစ်သော်လည်း စန်းနီနှင့် လျှို့နီက ကျောင်းမတက်ရပေ။

တတိယမရီး၏ မိသားစုမှ ၀ူနီကလည်း ကျောင်းသွားနေပြီဖြစ်သည်။

စန်းနီက သူမ ကျောင်းမတက်ရတာ အဆင်ပြေသော်လည်း သူမ မောင်လေးက သွားကိုသွားရမည်။

ဒုတိယအစ်ကိုက ၎င်းကို မငြင်းခဲ့ပေ။ ထို့ကြောင့် သူက ဒုတိယမရီးကို သွားပြောတော့သည်။

ဒုတိယမရီးက ညည်းညူတော့သည်။ "အိမ်မှာ အခြေအနေ ဘယ်လိုလဲဆိုတာ ရှင်သိလား"

"အိမ်မှာ ဘယ်လိုအခြေအနေရှိနေလို့လဲ၊ ငါတို့သားကို ကျောင်းတက်ခွင့်မပေးနိုင်တဲ့အထိ မဆိုးပါဘူး၊ အရင်တုန်းက မင်းမှာ သားတစ်ယောက်မှ မရှိခင်တုန်းကတော့ ငါတို့သားကို မင်းရဲ့ မျက်လုံးထဲက ပုလဲလိုမျိုး မွေးချင်ခဲ့တာလေ၊ အခု နောက်တစ်ယောက် ထပ်မွေးပြီးသွားတော့ သူ့ကို မြက်လို ဆက်ဆံနေတာလား၊ မင်းက သူ့ကို ကျောင်းတက်ခွင့်တောင် မပေးဘူး၊ အဲဒီပိုက်ဆံနည်းနည်းလေးကို ဘာအတွက်များ စုနေတာလဲ" ဒုတိယအစ်ကိုက ပြောသည်။

"နောင်ကျ သူ မိန်းမယူဖို့ မလိုဘူးလား၊ အဲဒီအခါ ပိုက်ဆံမလိုဘူးလား" ဒုတိယမရီးက ပြန်ပြောသည်။

"အဝေးကြီး မတွေးနဲ့၊ သူက အခုမှ ကြီးခါစ၊ နောင်ဆယ်နှစ်ကျော်မှ ဖြစ်မှာတွေကို မင်းက ပြောနေတာပဲ၊ သူ့ကို ကျောင်းသွားခွင့်ပေးလိုက်" ဒုတိယအစ်ကိုက တစ်ချက်လွတ်အမိန့် ထုတ်တော့သည်။

စတုတ္ထမိသားစု၏ လောင်တနှင့် လောင်အာ့ နှစ်ယောက်လုံး ကျောင်းသွားကြသည်။ သူ့အစ်ကိုကြီးနှင့် တတိယညီ၏ သမီးများတောင် ကျောင်းတက်နိုင်သည်။ သူ့သားသည် မည်သည့်အတွက်ကြောင့် မသွားနိုင်ရမည်နည်း။

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now