Chapter-76

4.6K 591 3
                                    

Unicode

အခန်း (၇၆) - ထေ့ငေါ့ခြင်း

ကျိုးအိမ်တွင် ကြုံတွေ့ဖြစ်ပျက်မည့် ကိစ္စမှန်သမျှကို လင်းချင်းဟယ်သည် လုံးဝ စိတ်ဝင်စားချေ။

ထိုအသားများသည် ကျိုးအဖေနှင့် ကျိုးအမေတို့အား သားသမီးတို့၏ တာဝန်ဝတ္တရားအရ ပေးအပ်ခြင်း ဖြစ်သလို ဒုတိယမရီး၏ ပါးစပ်ကို ပိတ်ဆို့ရန်အတွက်လည်း ဖြစ်သည်။ ကျောက်ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ကို သတ်သကဲ့သို့ပင်။

နေ့လည်ခင်းအတွက် သူမသည် ထမင်းပေါင်း စားရန် စီစဉ်ထားသည်။ လင်းချင်းဟယ်သည် ကြက်ဥ ရှစ်လုံး- ကိုးလုံးကို ပြုတ်ပြီး အခွံခွာလိုက်သည်။ ထို့နောက် ဝက်နံရိုးကို ခုတ်ပိုင်းပြီး ဝက်ဗိုက်သားကို လှီးဖြတ်သည်။ ပြီးနောက် အိုးစောက်ထဲ ထည့်ကာ ပဲငံပြာရည်ဖြင့် ချက်လိုက်သည်။

ထို့ပြင် ဟင်းသီးဟင်းရွက်ကြော်နှင့် ပုဇွန်ဆိတ်ပင်လယ်ရေညှိဟင်းချို တို့လည်း ပါရှိသည်။

ကျိုးချင်းပိုင် အိမ်သို့ ပြန်ရောက်လာမည့်အချိန်နှင့် အချိန်ကိုက်ပင်။ ကျိုးချင်းပိုင် အိမ်မှာ မရှိသောကြောင့် လင်းချင်းဟယ်တွင် လုပ်စရာအလုပ် များစွာ ရှိနေသည်။ သူက မနက်စောစောတွင် တစ်ကြိမ် အစာကျွေးခဲ့သော်ငြား နောက်တစ်ကြိမ် သူမ ထပ်ကျွေးရမည်။

ဝက်နှစ်ကောင်၏ အစာ စားချင်စိတ်က ပိုကြီးလာသည့်နှင့်အမျှ အစာလိုအပ်ချက်ကလည်း တိုးမြှင့်လာသည်။

လင်းချင်းဟယ်သည် နေ့ခင်း တရေးတမောအိပ်ရန် စီစဉ်စိတ်ကူးထားသဖြင့် သူမသည် တောရိုင်း သစ်ဥသစ်ဖုများ တူးဖော်ရန် လောင်အာ့နှင့် လောင်စန်းကို ခေါ်သွားခဲ့သည်။

ကျိုးချင်းပိုင်သည် မွန်းတည့်မှ ပြန်ရောက်လာသည်။ သူ့ပါးပြင်တွေက နေရောင်ကြောင့် နီရဲနေသည်။ ထိုအရာကို မြင်သောအခါ လင်းချင်းဟယ်သည် စိတ်မသက်မသာ ဖြစ်သွားခဲ့သည်။ သူမသည် သူ့အတွက် မျက်နှာသစ်ရန် ရေယူပေးပြီးနောက် ရေချိုးပြီး အဝတ်အစားများကို လဲလှယ်စေသည်။ ထို့နောက် တစ်မိသားစုလုံး နေ့လည်စာ စားကြသည်။

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now