Chapter-138

2.9K 354 1
                                    

Unicode

အခန်း (၁၃၈) - သွေးစုပ်မျှော့

ကျိုးချင်းပိုင်သည် သူမရဲ့ ဆုံးဖြတ်ချက်ကို မည်သည့်အခါမျှ ငြင်းပယ်ခြင်း မရှိပေ။ ပြီးတော့ သူ့မိဘတွေနှင့် နှိုင်းယှဥ်လျှင် သူ့ဇနီးသည်က ဝက်သားမှောင်ခို ရောင်းချနေတုန်းဆိုတာကို သူ သိပြီး အစေ့အဆန်တွေကိုလည်း ထိုနည်း၎င်း‌ကောင်း ရောင်းချခဲ့တာကိုပါ သူ သိသည်။

တကယ်တော့၊ သူက ကူကယ်ရာမဲ့သလို ခံစားနေရသည်။ သူမက သူ ပြောတာကို နားမထောင်ပေမယ့် အနည်းဆုံးတော့ နှစ်ယောက်ကြား သဘောတူညီမှုတစ်ခုတော့ ရှိသည်။ မတော်တဆမှု တစ်ကြိမ်နဲ့ ကြုံလာရရင် နောက်တစ်ကြိမ် ထပ်မလုပ်ဖို့ ပြောထားရသည်။

အခုအချိန်ထိတော့ ဘာပြဿာနာမှ မကြုံသေးဘူး။ သူမသည် အမှန်တကယ် အရည်အချင်း ရှိသည်။

သူမ ဝက်သားမှောင်ခိုကို ဘယ်လိုရောင်းချလဲ ဆိုတာကို သူ မသိဘူး။

သို့ရာတွင် သူ့ဇနီးသည်က အလွန်ထက်မြက်တယ် ဆိုတာကို ငြင်းဆို၍ မရသော်လည်း အလွန်ထက်မြက်သော အရည်အချင်းကို မှန်ကန်သော နည်းလမ်းဖြင့် ဘယ်တော့မှ အသုံးမချပေ။

ဒါပေမယ့် ဘာပဲဖြစ်ဖြစ် သူမမှာ သူ ရှိသည်။ မည်သည့်ပြဿနာ ကြီးကြီးမားမားမှ ဖြစ်လာမှ မဟုတ်ဘူး။

လင်မယားနှစ်ယောက် အိမ်ပြန်ရောက်လာခဲ့သည်။

တစ်ဖက်တွင်မူ ဒုတိယယောင်းမလင်းက သူမတစ်ယောက်တည်း အိမ်သို့ လမ်းလျှောက်ပြန်ခဲ့ရသည်။

သူမတစ်ကိုယ်လုံး ဒေါသတွေ ပြည့်နှက်နေခဲ့သည်။

အိမ်ပြန်ရောက်သည်နှင့် အဖေလင်းနှင့် အမေလင်းတို့ထံ ဒီနေ့ အငယ်ဆုံးယောင်းမ လင်းချင်းဟယ်နှင့် တွေ့ဆုံခဲ့ပြီး အလွန်ကောင်းမွန်သည့် ဘဝမျိုးမှာ ရှိနေကြောင်း ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို ပြောပြခဲ့သည်။

"ဒါကို ကြည့်ပါလား။ အဲ့ဒီနို့မှုန့် တစ်ထုပ်ကို သုံးယွမ်နဲ့ သူမ နို့မှုန့် ၂ထုပ်ကို တစ်ခါတည်း ဝယ်လိုက်တာ။ အဲ့တာတွေအပြင် သကြားလုံးတွေနဲ့ တရုတ်ဆီးသီးပါ ပါသေးတယ်။ သူမ ဘယ်လောက် သုံးစွဲခဲ့လဲ ဆိုတာကို ငါ မှန်းတောင် မမှန်းနိုင်ဘူး။" ဒုတိယယောင်းမလင်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now