Chapter-151

2.9K 371 0
                                    

Unicode

အခန်း (၁၅၁) – သူမခင်ပွန်းသည်သာ အဓိက ဦးစားပေးရာ ဖြစ်သည်

လင်းချင်းဟယ်သည် အိုးသစ်ကို အိမ်မှာ သုံးဖို့ နေရာချခဲ့ပြီး တတိယမောင်လေးလင်းကို အိုးဟောင်းပေးခဲ့သည်။

လင်းချင်းဟယ်သည် တတိယမောင်လေးလင်းကိုရှာရန် စက်ဘီးဖြင့် သွားရှာခဲ့ပြီး သူတို့ နောင်အခါ အသုံးပြုရန်အတွက် အိုးကို လာသယ်ခိုင်းခဲ့သည်။

ဒါပေါ့၊ သူမက အရင်ဆုံး ပိုက်ဆံပေးပြီး အိမ်ကို အရင်ဆောက်ခိုင်းခဲ့သည်။

တတိယမောင်လေးလင်းသည် မိသားစုမှ အိမ်ထောင်စုခွဲထွက်သောအခါက သူ့ကို ယွမ်တစ်ဒါဇင်ခန့်သာ ပေးခဲ့သည်။ ဒီငွေလောက်နဲ့ အိမ်ဆောက်ဖို့က မလုံလောက်ဘူး။ သူသည် လင်းအိမ်ဟောင်းက လူတွေနှင့် အကျင့်စရိုက် ကွာခြားသောကြောင့် ရွာမှာ နာမည်ကောင်း ရှိပြီး သူ့ကို ကူညီလုပ်ကိုင်ပေးမည့် လူပေါများသော်လည်း ‌ဆောက်လုပ်ရေး ကုန်ကျစရိတ်အတွက် ပိုက်ဆံ လိုအပ်နေသေးသည်။

"မြေသားအိမ်ဆောက်ဖို့ မေ့ထားလိုက်ပါ၊ မိုးရွာရင် ဒါက နေရထိုင်ရ ခက်ခဲတယ်။ ငါ နင့်ယောက်ဖကို ဒီအနားပတ်လည်မှာ အုတ်ကြွပ်တွေ အလွယ်တကူ ရ မရ စစ်ဆေးခိုင်းလိုက်မယ်၊ ရှိရင် နင့်အိမ်ကို အုပ်ကြွပ်မိုး၊ အုပ်နံရံကာအိမ်ဆောက်လို့ရအောင် အစွမ်းကုန် ကြိုးစားကြည့်။" လင်းချင်းဟယ်က သူ့ကို အကြံပေးသည်။

တတိယမောင်လေးလင်းဖက်တွင် သူတို့အိမ်ဆောက်မည့်နေရာကို အတည်ပြုပေးခဲ့သည်။ ရပ်ရွာအတွင်းရေးမှုးသည် လင်းမိသားစုမှ ဖြစ်ပြီး အရင်က သူ့သားအကြီးဆုံး လျှောက်ထားခဲ့သည့် မြေနေရာကို တတိယမောင်လေးလင်းထံ လွှဲပြောင်းပေးခဲ့သည်။

ဒါပေမယ့် ရွာရှိ တခြားသူတွေက ဒီလို အလေ့အကျင့်နဲ့ ပတ်သက်ပြီး အကျွမ်းတဝင် မရှိကြဘူး။ နောက်ဆုံးတော့ သူတို့က ပစ္စည်း တစ်ခုနဲ့ တစ်ခု လဲလှယ်ကြတာ ဖြစ်သည်။ သူတို့က ဒီလိုမျိုး တစ်ခါမှ မတွေ့ကြုံခဲ့ကြဖူးဘူး မဟုတ်ပါလား။

တတိယမောင်လေးလင်းသည် အိမ်တစ်လုံး စတင်ဆောက်လုပ်ပါတော့မည်။

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now