Chapter-159

2.7K 327 0
                                    

Unicode

အခန်း (၁၅၉) – သူ အလုပ်မသွားရမှာကို အကြောက်ဆုံးပဲ

"ဒါက ပြဿနာကြီး မဟုတ်ပါဘူး။"

သူမ ပြောတာကို ကြားလိုက်ရတဲ့အခါ လင်းချင်းဟယ်က ပြောသည်။

သူမသည် ကျိုးရှောင်မိန်ရဲ့ ကိစ္စရပ်အား သူမကို ပြောပြခဲ့သည်။

"နင်တို့နှစ်ယောက် အိမ်ခွဲနေတာကို နင့်ယောက္ခမ သ‌ဘောမကျဘူး ဆိုရင်တောင် နင်က ကလေးကို ကြည့်ရှုပေးဖို့ ပိုက်ဆံပေးရင် သူမ ဝမ်းသာအားရ ကြည့်ရှုပေးလိမ့်မယ်။ ပြီးတာ့ ဒါကလည်း သူမရဲ့ မြေးပဲလေ။" လင်းချင်းဟယ် ပြောသည်။

ရှန်းယွီက သူမ ပြောတာကို ကြားလိုက်သည့်အခါ အံ့အားသင့်သွားသည်၊ "သူမရဲ့ မြေးရင်း ကြည့်ရှုစောင့်ရှောက်ပေးရတာကိုတောင် ပိုက်ဆံ ယူသေးတယ်လား။"

"ငွေကြေးက သရဲတစ္ဆေတွေရဲ့ နှောင့်ယှက်မှုကိုတောင် ရပ်တန့်စေနိုင်တယ်။" လင်းချင်းဟယ် ပြန်ဖြေသည်။

ရှန်းယွီသည် ဒီအဓိပ္ပါယ်ကို နားလည်လုနီးပါး ဖြစ်သော်လည်း သူမသည် ပိုက်ဆံပေးရန်အတွက်မူ ဝန်လေးနေမိသည်။

လင်းချင်းဟယ်က အများကြီး မပြောဘူး။ ဒီလောက် ပြောလိုက်တာက လုံလောက်နေပြီ။

ဝယ်ခြမ်းစရာရှိတာတွေ ဝယ်ခြမ်းပြီးတော့ ရှန်းယွီကို နှုတ်ဆက်ပြီးနောက် လင်းချင်းဟယ်တစ်ယောက် အိမ်ပြန်လာခဲ့သည်။

"အမေ၊ အမေက သားကို မချစ်တော့ဘူး။" သူ့မိခင် ပြန်လာတာကို မြင်တော့ လောင်စန်းက သူမကို စတင်စွပ်စွဲသည်။

"ဘာဖြစ်လို့ အမေက သားကို မချစ်ဘူးလို့ ပြောရတာလဲ။" လင်းချင်းဟယ်က ရယ်ကာမောကာ ဆိုသည်။ သူမသည် သကြားလုံးတစ်လုံးကို အခွံခွာပြီး သူ့ပါးစပ်ထဲ ခွံကျွေးလိုက်သည်။

သို့သော် လောင်စန်းလေးသည် သူ့ခေါင်းကို လှည့်လိုက်သည်။ သူလေးက သကြားလုံး၏ သွေးဆောင်မှုကို အမှန်တကယ် တွန်းလှန်နိုင်ခဲ့သည်။

"အမေ၊ ဒီလို သကြားလုံးလေးနဲ့ သားကို ချော့လို့ ရမယ် မထင်နဲ့။" လောင်စန်းက ပြောသည်။

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now