Zawgyi
မြေအောက်ရထားက ဥမင်လိုဏ်ခေါင်းကနေ အရှိန်ပြင်းပြင်း ဆိုက်ရောက်လာချိန်မာ လေပြင်းတွေက Nan HuaiLin ရဲ့ မျက်နှာပေါ်က ဆံပင်တွေကို ရှုပ်ပွသွားစေတယ်။ သူက ရထားရဲ့ တံခါး မဖွင့်ခင်ထိ ကျောက်ရုပ်ကြီးလို ငြိမ်ငြိမ်လေး ရပ်နေမိတယ်။
ဘယ်သူမှ မထိုင်ရသေးတဲ့ ထိုင်ခုံတစ်ခုစီကို အမှုအရာမဲ့စွာ လျှောက်လာခဲ့တယ်။ ဒါပေမယ့် သူမရောက်ခင်မာ တစ်စုံတစ်ယောက်က အဲ့ဒီနေရာကို ထိုင်နှင့်ပီးသွားပီ။ အဲ့တာကြောင့် သူက ရထားလက်တန်းကို ကိုင်ပီးတော့ပဲ ရပ်နေလိုက်တော့တယ်။
သူရဲ့ ခေါင်းကို ငုံ့ပီး မျက်လုံးတွေကို အောက်စိုက်လိုက်တဲ့အခါ AJ brand အကန့်အသက်နဲ့ ထုတ်တဲ့ ဖိနပ်တစ်စုံကိုမြင်လိုက်ရတယ်။
လွန်ခဲ့တဲ့ လဝက်က ShiYan ကို မွေးနေ့လက်ဆောင်ပေးဖို့ အဲ့လိုပုံစံတူ ဖိနပ်တစ်စုံ သူဝယ်ဖူးခဲ့တယ်။
လွန်ခဲ့တဲ့နာရီဝက်က ရုပ်ရှင်စားသောက်ပွဲမှာ သူ စွန့်ပစ်ခံခဲ့ရတယ်။ အထက်တန်းကျောင်းကတည်းက အခုထိ သူတို့ရဲ့ 7 နှစ်ကြာအချစ်ဇာတ်လမ်းက မျက်စိတစ်မှိတ်အတွင်း ပီးဆုံးသွားခဲ့ပီ။ ဒါက အရမ်းကို လွယ်လွန်းနေခဲ့တယ်။
Nan HuaiLin မငိုချင်ပါဘူး။ ဒါပေမယ့် မျက်ရည်တွေက မငြင်းနိုင်လောက်အောင်ကို သဲသဲမဲမဲ ကျဆင်းနေတယ်။ သူ့မျက်ရည်တွေကို လက်နဲ့ သုတ်ပေမယ့် သူသုတ်လေလေ မျက်ရည်တွေက ပိုကျလေလေ ဖြစ်နေတယ်။
Fei Cheng သူ့မျက်နှာကို Anti- smog mask နဲ့ ဖုံးအုပ်ထားပီးတော့ သူ့ရဲ့ နှာတံဆင်းဆင်း ပေါ်မှာ နေကာမျက်မှန်တစ်ခု တပ်ထားတယ်။ သူက မျက်လုံးတွေမှိတ်ပြီး ငိုက်မြည်းနေချိန်မာ ရုတ်တရက် သူ့လက်ပေါ်ကို အရည်အေးအေးတစ်ခုကျလာတော့ သူ ဆက်ခနဲနိုးလာတယ်။
သူ့ ရဲ့ နေကာမျက်မှန်ကို အောက်နဲနဲ ဆွဲချပီး မက်မွန်ပွင့်ပုံမျက်လုံးတစ်စုံနဲ့ ငိုနေတဲ့ မျက်နှာလေးကိုကြည့်ဖို့မော့လိုက်တယ်။ Fei Cheng သူ့နေကာမျက်မှန်ကိုပြန်တင်ပီးတော့ သူ့အိပ်ကပ်ထဲက တစ်ရှူး ကို တိတ်ဆိတ်စွာ ကမ်းပေးလိုက်တယ်။
Nan HuaiLin အနဲငယ်တော့ တောင့်တင်းသွားတယ်။ တစ်ရှူးတစ်စကို ယူလိုက်ပီးတော့ ကျန်တာကိုပြန်ပေးလိုက်ပီး အက်ကွဲပီးတော့ ငို ရှိုက်နေတဲ့ အသံနဲ့ တိုးတိုးလေး ပြန်ပြောလိုက်တယ်။
YOU ARE READING
ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)
Romanceကျတော့ရဲ့ gongက အမြီးအကြီးကြီးနဲ့ နဂါးကြီး