Chapter 45

2.8K 567 20
                                    

နန်ဟွိုင်လင် ကြောင်အမ်းနေမိသည်။

" ခင်ဗျား.....ဘာပြောလိုက်တာ? "

ဖေ့ချန်က သူ့ကိုကြည့်ပြီး ရယ်နေကာ " ကိုယ် အရက်အရမ်းမူးသွားတဲ့ ညတစ်ညမှာ ရှန်ချုန်းက ကိုယ့်ကို အကို့အိမ်ဆီ လိုက်ပို့လိုက်တာ...မင်း အဲ့နေ့က ကိုယ့်ဘောင်းဘီကို ချွတ်ခဲ့သေးလား? "

နန်ဟွိုင်လင် အံ့သြလွန်းလို့ စိတ်နဲလူနဲ့တောင် မကပ်နိုင်တော့ပေ.." ငါ ဖေ့ချန်နဲ့ အိပ်ခဲ့တယ် "

ဖေ့ချန်က မအောင့်နိုင်တဲ့အဆုံး သူ့ပုခုံးတွေကို ကိုင်ကာလှုပ်ရမ်းလာ၏။ " ပြောလေ...မင်း အဲ့နေ့က ကိုယ့်ဘောင်းဘီကို ချွတ်ခဲ့သေးလားလို့? "

နန်ဟွိုင်လင် ထိုနေ့က အကြောင်းတွေကို ပြန်စဥ်းစားရင်း မရေမရာနဲ့ ဖြေလိုက်သည်။

" မဟုတ်ပါဘူး...ကျတော်က ခါးပတ်ပဲ ဖြုတ်ပေးဖို့လုပ်တာပါ...အိပ်နေရင် အဲ့အရာကြောင့်ခင်ဗျားအကို နာမှာစိုးလို့.."

" အဲ့တာ ကိုယ့်အကို မဟုတ်ဘူး...ကိုယ့်လို့...ကိုယ်ပါဆို.." ဖေ့ချန်၏အသံက ကျယ်လောင်လာတော့သည်။ " အရင်ကလည်း မင်းနဲ့ပတ်သက်ပြီး ကိုယ့်မှာ ဝေဝေဝါးဝါးပုံရိပ်တွေရှိခဲ့ဖူးတာမို့ ကိုယ်က အိမ်မက်ထပ်မက်တယ်ပဲ ထင်နေတာ...ဒါပေမယ့် တကယ်ဖြစ်နေခဲ့တာပဲ..ဟဟဟ! ကိုယ်လဲသိချင်နေတာ..ဘယ်လိုလုပ်ပြီး ဒီအိပ်မက်က အရမ်းကို လက်တွေ့ဆန်နေရတာလဲလို့...ဒါထက် အသေးစိတ်ကျတဲ့အရာတွေကိုတောင် ကိုယ်က သိချင်နေတာ "

နန်ဟွိုင်လင်လည်း ရုတ်တရက် အဲ့နေ့ သူ့တို့ပြီးဆုံးသွားတုန်းက သူ့အပေါ်မှာဖိနေခဲ့တဲ့လူ ပြောခဲ့တဲ့စကားကို သတိရသွားတယ်.." မနက်ဖြန်ညလဲ ကိုယ့်အိပ်မက်ထဲကို ပြန်လာခဲ့နော်? "

ဒါဆို..အဲ့ညက လူက..........တကယ်ပဲ ဖေ့ချန်လား?

သူ့ပေါ်က အုပ်မိုးထားတဲ့လူကို နန်ဟွိုင်လင် ငေးမောကြည့်နေမိရင်း ရုတ်တရက် သူ အရမ်းကို ပျော်ရွှင်လာရသည်။

သူ့ ဘဝမှာ နောင်တအရဆုံးအဖြစ်အပျက်က အဲ့ညမှာ ဖေ့ကျန်းနဲ့ အိပ်မိခဲ့တာပဲ...ထို့အပြင် ဖေ့ချန်ကို သူ ချစ်မိလာတဲ့အခါမှာ ပိုပြီးတော့တောင် စိတ်ထိခိုက် နောင်တရ,ရပါသေး၏။ ဒါပေမယ့် အခု သူနဲ့ လိင်ဆက်ဆံခဲ့တဲ့သူက ဖေ့ကျန်းမဟုတ်ဘဲ ဖေ့ချန်ဆိုတာကို သိရတော့ ရင်ထဲတွင် တလှိုက်လှိုက်နဲ့ကို ပျော်ရွှင်မှုတွေ ဝေသီလာရသည်။ ဖေ့ချန်ဆိုတာ သူ ကြိုက်ချင်ပေမယ့် အခုထိ ကြိုက်ဖို့ မဝံ့ရဲ စေတဲ့သူပါ!...

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now