Chapter 33

2.2K 446 6
                                    

Uni

{ TN/ အရင်ပိုင်းတွေမှာ 'ကြယ်နိုင်ငံ'ဇာတ်ကားမှာ ပါတဲ့ ဇာတ်ကောင်နာမည်တွေကို engလို Mizzleရေးခဲ့ပါတယ်...အခု Mizzleရဲ့ သူငယ်ချင်းတစ်ယောက်ရဲ့အကူအညီနဲ့ မြန်မာလိုပြောင်းလိုက်ပါပြီ...သူ့ကိုလည်း ဒီနေရာကနေပဲ ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်...အခုနောက်ပိုင်း Mizzleတရုတ်နာမည်တွေမသိရင် သူ့ကိုပဲ သွားမေးနေကြမို့😊......

Lu Jim Qin - လုကျင့်ချင်း (နန်ဟွိုင်လင် သရုပ်ဆောင်မည့် ဇာတ်ကောင်အမည် )

Lu Guan Lan - လုကွမ်းလန် ( ရှန်ချုန်း သရုပ်ဆောင်မည့် ဇာတ်ကောင်နာမည် ) }

______

နန်ဟွိုင်လင် အစောက အချိုမပါတဲ့ ဘီစကစ်အနည်းငယ်ကိုပဲ စားခဲ့ပေမယ့် အခုလည်း အများကြီး မစားနိုင်ဘူးဖြစ်နေတယ်။ နှစ်လုတ်လောက်ပဲစားပြီးနောက် တူကို အောက်ပြန်ချလိုက်ရတော့၏။

" မင်း မကြိုက်လို့လား? " မိန်ထျန်းကျူက မေးလာသည်။

နန်ဟွိုင်လင် ခေါင်းရမ်းပြလိုက်၏။ " မဟုတ်ပါဘူး....ကျတော် သိပ်မဆာလို့.."

" ဒါဆို...မင်း အခန်းပြန်ပြီးနားလိုက်တော့။ ရူတင်က မနက်ဖြန် စမှာဆိုတော့...မင်း လန်းဆန်းနေဖို့လိုတယ် " မိန်ထျန်းကျူက ပြောလာ၏။ " မင်း ဗိုက်ဆာလာရင်...ငါ့ကို ဖုန်းခေါ်လိုက်...ငါ မင်းအခန်းကို စားစရာ လာပို့ပေးမယ် "

ထို့နောက်၌ နန်ဟွိုင်လင် အခန်းဆီကို ပြန်လာခဲ့လိုက်သည်။

သူ ရေချိုးကာ အိမ်နေရင်း အဝတ်အစားတွေလဲပြီးနောက် မနက်ဖြန် ရူတင်မှာရိုက်ရမဲ့ ဇာတ်ကွက်တွေကို ပြန်ကြည့်ရင်း ကုတင်ပေါ်မှာထိုင်ကာ သူပြောရမဲ့စာကြောင်းတွေကို မှတ်သားနေလိုက်၏။ မနက်ဖြန် သူ သရုပ်ဆောင်ဖို့ ဇာတ်ကွတ်တစ်ခုပဲရှိကာ အဲ့ဒီဇာတ်ကွက်က လုကျင့်ချင်းနှင့် လုကွမ်းလန် ငယ်စဥ်က ဝေးကွာနေခဲ့ရာမှ အရွယ်ရောက်လာချိန်မှာ ပထမဆုံးအကြိမ် ပြန်ပြီး ဆုံတွေ့ကြတဲ့ အခန်းဖြစ်သည်။

ဒီအပိုင်းမှာ သိပ်ပြီး စာကြောင်းတွေအများကြီး မပြောရဘူးဆိုပေမယ့် ခံစားချက်တွေကို သိသိသာသာပြသနေရင်း လှုပ်ရှားမှုအမူအရာတွေနဲ့သာ မြင်သာစေရမှာဖြစ်သည်။ လုကျင့်ချင်းက သူ့ရဲ့မျက်နှာတစ်ဝက်ကို ဇာပုဝါနဲ့ ဖုံးအုပ်ထားတာဖြစ်ပြီး တကယ့်မျက်နှာအစစ်ကိုတော့ ဇာတ်လမ်းအလယ်လောက်နှင့် နောက်ပိုင်းရောက်မှသာ ဖောပြခွင့်ရမှာဆိုတော့ အစပိုင်းကတော့ သူ့ရဲ့ ကိုယ်ဟန်အနေအထား လှုပ်ရှားမှုတွေကို စမ်းသပ်တာနဲ့ မခြားနားပါဘူး။

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now