Chapter 37

2.1K 457 11
                                    

သဲသဲမဲမဲရွာနေတဲ့မိုးက သူတို့နှစ်ယောက် အခန်းထဲလည်းရောက်ရော ရပ်တန့်သွားပြီး ကောင်းကင်မှာ သက်တန့်ကြီးတစ်ခုပေါ်ထွက်လာခဲ့သည်။ ဖေ့ချန်က တစ်ကိုယ်လုံးနီးပါး ရွှဲစိုသွားတာကြောင့် အဝတ်တွေချွတ်ပြီး ရေချိုးခန်းဆီကို သွားနေသည်။

နန်ဟွိုင်လင် ဖေ့ချန်ရဲ့ အဝတ်ထည့်လာတဲ့အိတ်ကို ရှာမတွေ့တာကြောင့် သူ့ဗီရိုထဲက သူနဲ့ဆို အပွဆုံးဖြစ်တဲ့အဝတ်တွေကို ရှာဖွေလိုက်ပြီး ဖေ့ချန် ရေချိုးခန်းကထွက်လာရင် ဝတ်ခိုင်းဖို့ လုပ်လိုက်ကာ အဝတ်တွေကို ခုတင်အစွန်းက မြင်သာထင်သာရှိတဲ့နေရာမှာ တင်လိုက်၏။ ဒါမှသာ ဖေ့ချန်ရေချိုးခန်းက ထွက်လာလာချင်း တွေ့မှာဖြစ်သည်။

နန်ဟွိုင်လင် အိပ်ခန်းထဲက ထွက်ဖို့ပြင်နေချိန်မှာ ရုတ်တရက် သူ့ဆီကို ဖုန်းဝင်လာသည်။ အရင်က ကြေကွဲစရာဖုန်းမြည်သံက အခုတော့ ပျော်ရွှင်မြူးကြွတဲ့ အသံလေးကို ပြောင်းလဲသွားပြီဖြစ်သည်။

" ဟယ်လို..အမ ထျန်းကျူ " နန်ဟွိုင်လင် ရေခဲသေတ္တာကိုဖွင့်ကာ အထဲက ရေဘူးတစ်ခုကို ထုတ်ယူလိုက်သည်။

" မင်း ဟိုတယ်ပြန်ရောက်ပြီလား? "

" ဟုတ်...အခုလေးတင်ပြန်ရောက်တာ..ဘာဖြစ်လို့လဲ? "

" ငါ ဒီနေ့ ဘာလုပ်စရာမှ မရှိလို့...အရင်နှစ်လက ငါရိုက်ထားတဲ့ဓာတ်ပုံတွေကို ပြန်ကြည့်မိလိုက်တယ်..အဲ့တာ ငါ မင်းကို ကြည့်စေချင်လို့ "

" ဒါဆို လာခဲ့လေ...ကျတော် အခန်းထဲမှာ ရှိတယ် "

နန်ဟွိုင်လင် ဖုန်းချလိုက်ပြီး ရေဘူးအဖုံးကိုလှည့်ဖွင့်ကာ အေးမြတဲ့ရေတစ်ငုံကို ယူလိုက်သည်။ ထို့နောက် သူ ထိုင်ခုံမှာထိုင်ခါစပဲရှိသေး တံခါးဘဲသံက မြည်လာတော့သည်။

အမကျူလာတာ အရမ်းမြန်တာပဲ။

သူ သွားပြီး တံခါးဖွင့်ပေးတော့ မိန်ထျုန်းကျူက သူမရဲ့ လက်တော့နဲ့အတူ ဝင်ရောက်လာသည်။

" ငါ အကြီးကြီးရှာတွေ့ခဲ့တယ် " မိန်ထျန်းကျူခမျာ အရင်တောင်မထိုင်နိုင်ဘူး...သူ့မှာ အထဲရောက်ခါရှိသေး လမ်းလျှောက်နေရင်းတောင် ပြောနေတော့၏။ " အဲ့တာ ဘယ်လောက် အံ့သြဖို့ကောင်းလဲ မင်းတွေ့လိမ့်မယ် "

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now