Chapter 70

1.1K 211 15
                                    

လေယာဥ်ပေါ်ရောက်လာတဲ့ထိ တိုင်းစကွဲမှာ ကခဲ့တာကို သတိရပြီး ဦးရေပြားတွေ ထုံကျဥ်နေဆဲဖြစ်ကာ ချွေးစိုနေတဲ့ဆံပင်တွေကပါ အပေါ်ကိုထောင်မက်နေတာ ခံစားလို့ရနေသည်။ ထိုအချိန်တုန်းက သူက အမေရိကန်လူအုပ်ကြီးကြားမှာ ရောက်နေတာဖြစ်ပြီး မိန်ထျန်ကျူး တစ်ယောက်တည်းကပဲ သူ့ကို ဗီဒီယိုရိုက်နေတာမဟုတ်ဘဲ ဘေးနားက ဖြတ်သွားကြတဲ့လူတွေကပါ သူတို့ရဲ့ ဖုန်းတွေထုတ်ကာ ဓာတ်ပုံရိုက်သွားကြတာဖြစ်သည်။ သူ အရမ်းစိုးရိမ်စိတ်ဖြစ်နေတာကြောင့် မြေကြီးပေါ်က အက်ရာလေးရှိရင်ကို အဲ့ကြားထဲ ခုန်ဝင်ချင်စိတ်ပေါက်နေရ၏။ "ဖေဖေ"ရုပ်ရှင်ကားမှာ သူနှင့်ချီကူး ရမ္မက်ဆန်ဆန်ဇာတ်ဝင်ခန်းတွေကို ရိုက်ကူးရေးအဖွဲ့သားတွေရှေ့မှာ သရုပ်ဆောင်ခဲ့စဥ်ကတောင် သူ အခုလို မစိုးထိတ်ခဲ့ဖူးပေ။ ပိုဆိုးတာက ပထမနှစ်ခါက မှားပြီး က,မိသွားသေးတယ်...တတိယအကြိမ်ကျမှ အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်သွားတာ။ အဲ့တာပြီးပြီးချင်း သူ မိန်ထျန်ကျူးကို ဆွဲခေါ်လာကာ တခြားနေရာက ရှုခင်းတွေကို ခံစားလိုက်တော့သည်။

မိန်ထျန်ကျူးက ဟိုတယ်ကိုပြန်တဲ့လမ်းမှာ ဆော့ဝဲလ်တစ်ခုနှင့် ထိုဗီဒီယိုကို ပြင်ဆင်ပြီး သူ့ရဲ့ ဝေဘိုအကောင့်မှာ [ကျတော် တိုင်းစကွဲမှာ ကခဲ့တယ်😌] ဆိုတဲ့ စာသားနှင့်အတူ တင်လိုက်၏။

" (နန်ဟွိုင်လင် တိုင်းစကွဲ)က နံပါတ်ဝမ်း ရေပန်းအစားဆုံးဗီဒီယိုဖြစ်နေတာပဲ " မိန်ထျန်ကျူးက သူမဖုန်းကိုကြည့်ကာ စိတ်လှုပ်ရှားစွာပြောလာ၏။ " ငါးနာရီအတွင်းမှာ ရှယ်လ်က နှစ်မီလီယံ၊ ကွန်မန့်က 150k၊ လိုက်ခ်က တစ်မီလီယံ...မင်းရဲ့ဝေဘိုက ထပ်ပြီး ပေါက်ကွဲသွားပြန်ပြီ "

" ကျတော် ကွန်မန့်တွေ ခနကြည့်မယ် "

မိန်ထျန်ကျူးက ဖုန်းလှမ်းပေးလာတော့ သူ ကွန်မန့်ဆိုတဲ့နေရာလေးကို နှိပ်ကြည့်လိုက်၏။

ဒီနေ့ နန်ဟွိုင်လင်က ငါ့ကို လက်ထပ်ခဲ့တယ် : [ တိုင်းစကွဲ အက23333 ]

ငါက မင်းရဲ့ဘီစကစ်လေးပါ : [ ငါ့ဘဝကမင်းအတွက် ယူလိုက်! ]

'လုကျင်ချင်း´ တစ်ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေး အဖွဲ့အစည်းချုပ် ဥက္ကဋ္ဌ : [ ရူးပြီ ရူးပြီ မင်းကြောင့် နံရံကို ခေါင်းနဲ့ပြေးဆောင့်နေမိပြီ ]

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now