chapter 15

3.2K 635 31
                                    

Uni

(TN/ ဒီအပိုင်းကိုဖတ်မယ်ဆိုရင် အရင်ဆုံး ဘေးနားမှာ စောင်ဖြစ်ဖြစ်၊ ဖတ်ခေါင်းအုံးဖြစ်ဖြစ် ကိုက်လို့ကောင်းတဲ့တစ်ခုခု ထားပြီးဖတ်ပါနော်)


ရွမ်ရှင်း ထွက်သွားပြီးလို့ မကြာခင် နန်ဟွိုင်လင် ဆေးရုံက ကုတင်ပေါ်မှာ လဲပြီးအိပ်လိုက်တယ်။ သူ အိပ်ပျော်ခါစအချိန်မှာ ရုတ်တရက် သူ့ရဲ့ ပူကျစ်နေတဲ့ နဖူးကို အေးစက်စက်လက်တစ်ဖက်က ထိကပ်လိုက်တာကို ခံစားလိုက်ရတယ်။

သူ့ရဲ့အဖျားကြောင့် နီရဲနေတဲ့ မျက်လုံးတွေကို ဖွင့်လိုက်တော့  ရှန်ချုန်း မျက်နှာကို တွေ့လိုက်ရတယ်။

"မင်း အဖျားအရမ်းတက်နေတာပဲ" ရှန်ချုန်းက မျက်မှောင်ကြုတ်တယ်။ "ဘာတွေများ ဖြစ်လို့လဲ?"

နန်ဟွိုင်လင် သူ့ရဲ့လက်ကို ဖယ်ပစ်လိုက်တယ်။ ပြီးတော့ နာကျင်ကိုက်ခဲကာ အားနည်းနေတဲ့ ခန္ဓာကိုယ်နဲ့ ကုတင်ပေါ်က ထထိုင်လိုက်တယ်။ သူ ပြန်ပြီးမေးခွန်းထုတ်လိုက်တဲ့အခါ သူ့ရဲ့ အသံက လုံးဝကို အက်ကွဲနေပြီ။

"ကျတော် ဒီကိုရောက်နေတယ်ဆိုတာ ဘယ်လိုလုပ်ပြီး သိလာတာလဲ?"

"ကိုယ် ရုံးမှာ ရွမ်ရှင်းနဲ့ အမှတ်မထင်ဆုံမိတော့ မင်း ဒီလိုဖြစ်နေတယ်ဆိုတာ ကြားလာလို့"

"ကျတော့်ကို လာတွေ့ပေးလို့ ကျေးဇူးတင်ပါတယ်။ ကျတော် အဆင်ပြေနေပါပြီ။ ခင်ဗျား အခု ပြန်လို့ရပါတယ်"

ရှန်ချုန်း စကားပြန်ပြောဖို့ ပြင်လိုက်တဲ့ အချိန် ရုတ်တရက် သူ့ရဲ့ဖုန်းက မြည်လာတယ်။

အဲ့တာက သူ့ရဲ့လက်ထောက်ဆီကပဲ။

ရှန်ချုန်း အဲ့ဒီဖုန်းကောကို ပြန်ဖြေလိုက်ပြီး မကြာခင်မှာပဲ သူ့ရဲ့မျက်နှာက ပျက်ပျက်လာတယ်။ " ရပြီ " သူ အဲ့တာပြောပြီး ဖုန်းချလိုက်တယ်။ အဲ့ဒီနောက် သူက ခါးခါးသီးသီးအပြုံးနဲ့ နန်ဟွိုင်လင်ကို ပြောလာတယ်။

"ကိုယ် အခုလောလောဆယ် မင်းနဲ့ အတူရှိ မပေးနိုင်သေးဘူး။ မင်း ဘယ်မှာနေတာလဲ? ကိုယ် အလုပ်လုပ်ပြီးတဲ့အခါကျရင် မင်းကိုတွေ့ဖို့ မင်းရဲ့အိမ်ကို ကိုယ်လာခဲ့မယ်"

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now