Chapter 44

2.9K 594 54
                                    

ထိုအရာက စထွက်ကတည်းက ရပ်တန့်လို့ မရခဲ့ပေ..

တစ်ခုပြီးတစ်ခု ထွက်ကျလာကာ သူ့ပေါင်ရင်းနားထိ လျောကျပြီးရောက်လာတာကြောင့် ပူနွေး စေးကပ်တဲ့အရာမျိုးကို နန်ဟွိုင်လင် ခံစားလိုက်ရ၏။

ထိုအချိန်တွင် သူ ဘာပြောမရမှန်းမသိဖြစ်နေကာ 10စက္ကန့်ထက်ကြာအောင် ကြောင်အ နေမိ၏။ ထို့နောက်မှ ဖုန်းကို မြန်မြန်ဆွဲယူကာ ဖေ့ချန်ဆီ ဖုန်းပြန်ခေါ်လိုက်သည်။

ဖေ့ချန်သာ သူ ဘောင်းဘီထဲ အီးပါချမှန်း သိသွားရင် သူ တကယ်ကို သေရချည်ရဲ့....

ဖုန်းဝင်သွားတာနဲ့အတူ အခန်းထဲက တံခါးဘဲမြည်သံကလဲ တစ်ချိန်တည်း ထွက်ပေါ်လာ၏။

" ကိုယ် တံခါးရှေ့မှာ ရောက်နေပြီ " ဖေ့ချန်က ဟောဟဲလိုက်ကာ ပြောလာ၏။ " မင်း တံခါး လာဖွင့်နိုင်လား? မဖွင့်နိုင်ရင်..ကိုယ် ဖျက်ဝင်ခဲ့မယ် "

နန်ဟွိုင်လင် စိတ်အေးလက်အေးဖြစ်နေတဲ့အသံလုပ်ယူရင်း ပြောလိုက်၏။ " ကျတော်က ခင်ဗျားကို စနေတာ "

ဖေ့ချန် စိတ်တိုလွန်း၍ ကိုယ်က လှုပ်ရှားမရဖြစ်သွားတော့သည်။ "...မင်း ဘာပြောလိုက်တာ? "

" ကျတော် အဆင်ပြေတယ်..ဗိုက်လဲ မနာဘူးလို့ " ဒါက အမှန်ပဲဖြစ်၏။ ရုတ်တရက်ဆိုသလို သူ့ဗိုက်ဆီမှ နာကျင်မှုက သက်သာသွားပြီဖြစ်သည်။ အရာအားလုံးက သူ ထင်ယောင်ထင်မှားဖြစ်နေခဲ့တဲ့အတိုင်းပဲ..." ကျတော့်ရပ်ကွက်နားမှာ ခင်ဗျား ကားရပ်ထားတာ မြင်ခဲ့လို့ ကျတော် ခင်ဗျားကို စချင်လာလို့...."

" နန်ဟွိုင်လင်! မင်း ဒီလိုပုံစံမျိုး စနောက်စရာလိုလို့လား? " ဖေ့ချန် သွားတွေကို ကြိတ်​ချေထားမိရင်း ပြောလိုက်၏။ " ငါ ပြောနေတယ်..အခု ချက်ချင်း တံခါးကို ဖွင့်လိုက်! "

" ကျတော် အိပ်တော့မှာ...မနက်ဖြန် ရုပ်ရှင်ရိုက်ဖို့ စောစောထရဦးမယ်...ခင်ဗျားလည်း အိမ်ပြန်သင့်ပြီ " နန်ဟွိုင်လင် နောက်ဆုံးမှာ " ပျော်ရွှင်စရာ ဆောင်းဦးလယ်ပွဲတော်ပါ " လို့လဲ ပြောဖို့ မေ့,မနေကာ ဖုန်းကို မြန်မြန်ချပစ်လိုက်၏။

ဖေ့ချန် တံခါးကို နှစ်ခါပြန်ပြီး ခေါက်လိုက်သည်။ သို့ပေမယ့် အထဲကနေ ဘာမှ တုန့်ပြန်မလာတာကြောင့် ပတ်ဝန်းကျင်က လူတွေ အနှောက်အယှက်ဖြစ်မည်စိုး၍ လက်လျော့လိုက်ရတော့သည်။

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now