Chapter 47

2.8K 581 23
                                    

7နာရီ၌ နာရီနိုးစက်သံကြောင့် နန်ဟွိုင်လင် နိုးလာခဲ့သည်။

မျက်လုံးဖွင့်ဖွင့်ချင်းပဲ ဖေ့ချန်၏ချောမောလွန်းတဲ့မျက်နှာကို အနီးကပ်တွေ့လိုက်ရ၏။ ညကဖြစ်ပျက်ခဲ့တာတွေကို ပြန်ကြည့်လိုက်ရင် အရာအားလုံးက အိပ်မက်တစ်ခုလို စိတ်ကူးယဥ်ဆန်လွန်းနေခဲ့သည်။ သူ့ထဲက ဥတွေထွက်လာပြီးနောက် ဘဝက ဒုံးပျံယာဥ်စီးရသလိုပဲ အမြန်ဆုံးအရှိန်နဲ့ ပြေးသွားတာ သူ့ရဲ့အပြိုင်ကမ္ဘာကိုရောက်ရှိသွားသလို ဖြစ်နေတော့၏။

မနေ့က သူက သာမန်လူသားတစ်ယောက်...

ဒီနေ့ကျတော့ သူက နဂါးဥငါးလုံးရဲ့ အဖေဖြစ်နေပြီ..

မနေ့က ဖေ့ချန်ဆိုတာ သူကြိုက်ချင်ပေမယ့် ကြိုက်လို့မရတဲ့သူတစ်ယောက်...

ဒီနေ့ကျတော့ ဖေ့ချန်က သူ့ကောင်လေး...

မယုံကြည်နိုင်စရာအကောင်းဆုံးကတော့ သူ့ကောင်လေးက လူသားမဟုတ်ဘဲ အဖြူရောင်နဂါးအကြီးကြီးဖြစ်နေတယ်! အဲ့ထက်ပိုပြီး အံ့သြဖို့ကောင်းတာက သူက ဒီအရာတွေအားလုံးကို မတုန်မလှုပ်နဲ့ တည်တည်ငြိမ်ငြိမ်လက်ခံနိုင်ခဲ့တာပဲ!

ဇာတ်ကားထဲက ဟီးရိုးတစ်ယောက်လိုမျိုး သူပိုပြီး ကြောက်ရွံ့မှုကင်းမဲ့ကာ သတ္တိရှိလာတယ်လို့ ခံစားရတယ်။ သူ့ကိုယ်သူလဲ အကြမ်းခံနိုင်တဲ့လူတစ်ယောက်လိုမှတ်ယူမိပြီး အထင်ကြီးနေမိတယ်။

ဖေ့ချန်၏ နှုတ်ခမ်းများက တဖြေးဖြေးကွေးသွားကာ သူ၏အိပ်ယာထခါစ အပ်သြသြအသံထွက်ပေါ်လာသည်။

"ထပ်ကြည့်နေရင်..ကိုယ် မင်းကို စားတော့မှာ"

" မောနီး..." နန်ဟွိုင်လင်လည်း ပြုံးမိသွားရင်း နှုတ်ဆက်လိုက်သည်။

" အင်း..ဂွတ်မောနီး....ဘယ်ချိန်ရှိသွားပြီလဲ? "

" 7နာရီ " နန်ဟွိုင်လင် ထဖို့ပြင်လိုက်သည်။

သို့ပေမယ့် ဖေ့ချန်က သူ့လက်တွေရော ခြေထောက်တွေပါ ရစ်ပတ်ထား၏။ " ဒီတိုင်းလေး ခနလောက် နေပါဦးကွာ "

" တော်ပြီ...ကျတော် ရှစ်နာရီခွဲ အလုပ်သွားရဦးမယ် "

" ငါးမိနစ်ပဲ "

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now