Chapter 46

2.9K 581 29
                                    

ဒီအိပ်မက်ဆန်ဆန်အနမ်းလေးက နန်ဟွိုင်လင့်ဘဝမှာ ရိုမန့်တစ်အဆန်ဆုံးအချိန်လေးပါပဲ..သူ့အပေါ်ကို ဖိထားတဲ့အရာကြီးကို လျစ်လျူရှုထားရင်ပေါ့လေ။ နမ်းပြီးသွားတော့ ဖေ့ချန်က သူ့ကို ကန်ရေပြင်ပေါ်ဆီခေါ်သွားကာ ရေထဲမှာ မတ်တပ်အနေအထားနဲ့ သူ့မျက်နှာပေါ်က ရေတွေကို ညင်သာစွာပွတ်သုတ်ပေးရင်း ပြုံးကာ မေးလာ၏။

" မင်းယောက်ျားက ချောလား? "

နန်ဟွိုင်လင် ခေါင်းညိမ့်ပြလိုက်သည်။ " အရမ်းချောတယ်! "

အရမ်းလည်း ​ကြောက်ဖို့ကောင်းတယ်..

ဖေ့ချန်၏အပြုံးက ပိုပိုပြီး ထင်ပေါ်လာ၏။

" ကိုယ်က မင်းယောက်ျားဆိုတာ သွယ်ဝိုက်နည်းနဲ့ ဝန်ခံလိုက်တာလား? "

နန်ဟွိုင်လင် ခေါင်းကိုမသိမသာညိမ့်ကာ တိုးဖွဖွ အဖြေပြန်ပေးလိုက်ရသည်။

" အင်း..."

ထိုအခါ ဖေ့ချန်က သူ့အနားတိုးကပ်လာကာ နားအဖျားကို ဆွဲငုံပစ်၏။ ထို့နောက် ခပ်အက်အက်ဖြစ်ကာ ထိန်းချုပ်ထားရတဲ့အသံနဲ့ ပြောလာသည်။

" မင်းလင်က အရမ်းမာလွန်းလို့ နာနေပြီ..အဲ့တာကို မင်း ဒီနေရာမှာပဲ လိုချင်လား....."

" No, No, No! " နန်ဟွိုင်လင် ကြောက်အားလန့်အား ငြင်းနေမိသည်။ " အပြင်မှာ ခင်ဗျားအကိုရှိနေတယ်လို့! "

ထိုအခါ ဖေ့ချန်က ရယ်မောလာပြီး သူ့ပါးကိုဆွဲဆိတ်ကာ ပြုံးနေတော့သည်။ " ကိုယ်က စတာပါကွာ....မင်းကို အကို့ဆီခေါ်သွားပြီး ဥတွေ ဘယ်လိုသားပေါက်အောင် လုပ်ရလဲဆိုတာ မေးပေးမယ် "

နန်ဟွိုင်လင်လက်တွေကို သူ့ခါးပေါ် ရစ်ပက်ထားလိုက်သည်။ " ခင်ဗျားအကိုဆီ မသွားခင် ကျတော် အရင်ဆုံး မေးစရာရှိတယ် "

" မေးလေ " ဖေ့ချန်က ပြောနေရင်း သူ့ကို ရေကန်ထဲကနေ ဆွဲခေါ်သွား၏။

နန်ဟွိုင်လင် သေချာတွေးနေတဲ့အရာတွေကို ပြောလိုက်သည်။ " ကျတော်အမြင် ခင်ဗျားပုံစံအစစ်က အနောက်အရပ်သို့ခရီးသွားခြင်းထဲက အဖြူရောင် နဂါးပေါက်စလေးနဲ့ တူသလားလို့...ဒါပေမယ့် The Hobbitထဲက Smaugနဲ့တူတဲ့ အတောင်ပံတွေလည်း ရှိနေတာဆိုတော့ ခင်ဗျားက တရုတ်နဂါးလား နိုင်ငံခြားနဂါးလား? ဒါမှမဟုတ် ကပြားနဂါးလား? "

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now