Chapter 27

2.6K 513 15
                                    

ဖေ့ချန် ခေါက်ဆွဲစားဖို့ လုပ်နေရင်းနဲ့ နန်ဟွိုင်လင်ကို ဖုန်းခေါ်လိုက်တယ်။

"မင်း ဘယ်ကို သွားနေတာလဲ?"

"ကျတော့်ရဲ့ အတန်းဖော်သူငယ်ချင်းက ကျတော့်ကို ဖုန်းလှမ်းဆက်ပြီး အပြင်ထွက်ဖို့ခေါ်နေလို့..။ အဲ့ဒါ..ကျတော်အပြင်မထွက်ခင် ခင်ဗျားအတွက် ခေါက်ဆွဲ​ပြုတ်တစ်ပန်းကန် ပြင်ပေးထားခဲ့တယ်။ ခင်ဗျား..အဲ့တာကို အစာပြေစားထားလိုက်။ အပြန်ကျရင် ကျတော် တစ်ခုခုဝယ်လာခဲ့မယ်"

နန်ဟွိုင်လင် လိမ်ပြောနေတယ်ဆိုတာ ဖေ့ချန် သိတာပေါ့။ ဒါပေမယ့် သူပြောနေတဲ့ပုံပြင်ကို အပေါက်တွေဖြစ်သွားအောင် သွား မ စချင်ဘူး။ ဖေ့ချန် ပြုံးနေရင်းပဲ ဖြေလိုက်တယ်။

"Ok..ကောင်းပြီ။ ကောင်းကောင်းပျော်ခဲ့။ အပြန်ရောက်ရင် တစ်ခုခုဝယ်ခဲ့မနေတော့နဲ့။ ဒီခေါက်ဆွဲနဲ့တင်ကို ကိုယ် ဗိုက်ပြည့်ဖို့လုံလောက်တယ်"

ဖုန်းချပြီးသွားတော့ ဖေ့ချန် ခေါင်းရမ်းရင်း ရယ်လိုက်တယ်။

သူ့ရဲ့ အနာဂတ်မိန်းမလေးက ချစ်ဖို့ အရမ်းကောင်းတာပဲ!

ဖေ့ချန် ခေါက်ဆွဲစားဖို့ ထမင်းစားပွဲမှာ ပြန်ထိုင်လိုက်တယ်။ မထင်မှတ်လိုက်ပဲ တွေ့ရတာက အရသာက အရမ်းမဆိုးဘူးပဲ။

ခေါက်ဆွဲစားပြီးသွားတော့ သူ့ရဲ့ပါးစပ်ကိုဆေးတဲ့အနေနဲ့ ရေသောက်နေတဲ့အချိန်မှာ တံခါးဘဲမြည်သံကို ကြားလိုက်ရပြီး တံခါးဖွင့်ပေးဖို့ အိမ်ရှေ့ကို ထွက်ခဲ့လိုက်တယ်။

" အကို " ဖေ့ချန် ပြုံးနေရင်း ပြောလိုက်တယ်။ "ကြိုဆိုပါတယ်"

ဖေ့ကျန်းက အိမ်ထဲဝင်လာတော့ ဖေ့ချန်က ဖိနပ်စဥ်မှာရှိတဲ့ ဖိနပ်အပါးတစ်ရံကို ယူလိုက်ပြီး ပြောင်းစီးဖို့ ချပေးလာတယ်။

"မင်း တစ်ယောက်တည်းလား?"

"နန်ဟွိုင်လင်က မင်းလာမယ်ဆိုတာလည်း ကြားရော ကြောက်လို့ထွက်ပြေးသွားပြီ"

တကယ်တော့ ကြောက်လို့ထွက်ပြေးလာတဲ့ နန်ဟွိုင်လင်က ဘယ်ကိုမှ သွားလိုက်စရာနေရာ မရှိခဲ့ဘူး။ ဒါကြောင့် သူက ချန်အန်းလမ်းမကြီးတစ်လျှောက်မှာပဲ ညစာစားပြီးလို့ လေ့ကျင့်ခန်းလုပ်သလို လမ်းပတ်လျှောက်နေလိုက်တယ်။ Tiananmen Squareဆီ သွားတဲ့လမ်းကို ဦးတည်လျှောက်လာလိုက်ကာ အဲ့ဒီကိုရောက်တော့ သူလာတဲ့ လမ်းအတိုင်း ပြန်လှည့်လာခဲ့တယ်။ ပြီးတော့ Dongfang Xintiandi မှာရှိတဲ့ ရေပန်းအောက်မှာထိုင်ကာ နေ့လည်တုန်းက သူလုပ်လို့မပြီးပြတ်လိုက်သေးတဲ့ ကြယ်နိုင်ငံဝတ္ထုရဲ့ လုပ်ငန်းစဥ်တွေကို ဆက်လုပ်နေလိုက်တယ်။

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now